Connect with us

Hi, what are you looking for?

သတင်း

KNU သထုံခရိုင်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံး၊ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သစ်ပင်တစ်ပင်အား ထိမှန်ထားစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် သစ်ပင်တစ်ပင်အား ထိမှန်ထားစဥ်။ ဓာတ်ပုံ - KNU)

▪️ညောင်လေးပင်ခရိုင်၌လည်း ဒေသခံသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်(ဒူးသထူခရိုင်)တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၈ရက်)နံနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ – ၂၄ တပ်ရင်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သော လက်နက်ကြီး နှစ်လုံးသည် သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် အသက် (၉)နှစ်အရွယ် ကလေးငယ်နှင့် အသက်(၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရခဲ့ပြီး အသက်(၇)နှစ်အရွယ်နှင့် အသက်(၁၄)နှစ်အရွယ် ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။ ထို့ပြင် နွားအချို့လည်း ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

ခလရ (၂၄) တပ်သည် သထုံ-ဖားအံ အမြန်ကားလမ်းမကြီးဘေး ဒူးရင်းဆိပ်ရွာအနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းဖြစ်ပြီး ၎င်းတို့ပစ်ခတ်သော လက်နက်ကြီးကြောင့် ကျုံမိန်ရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင်လည်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်၍ ကျေးရွာနေ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

မတ်လ ၇ရက်က အင်အား ၃၀၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်လေးပင်ခရိုင် ပုဇွန်မြောင်းရွာ၌ ချထားခဲ့ကြောင်း အဆိုပါ စစ်ကောင်စီတပ်သည် မတ်လ ၈ရက် နံနက်မှစ၍ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ၂၄ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဝိုင်ကျွန်းကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူများမှာ ဝိုင်ကျွန်းရွာခံ အသက်(၅၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ သိုက်တူးကုန်းရွာ ခံ (၁၉)နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး သိုက်တူးကုန်းရွာ လက်နက်ကြီး ပေါက်ကွဲမှု ဖြစ်စဉ်၌ ဒဏ်ရာရသူများကို ဆေးကုသပေးလျက်ရှိကြောင်း KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။