Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောင်ပိုင်း ဒီးဒုတ်ကွင်းရွာရှိ စစ်အုပ်စုအား လက်နက်ကြီးဖြင့် ၂နာရီကြာပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၆၀ခန့်ရှိသော ဒီးဒုတ်ကွင်းရွာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ရော့ကတ်များမှာ မကွေးခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂) တောင်တွင်းကြီးတပ်ခွဲမှထုတ်လုပ်သော လက်နက်များအား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ဒီးဒုတ်ကွင်းရွာတွင် အထိုင်ချထားသော စစ်တပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ရန် တော်လှန်ရေးရဲဘော်များက လက်နက်ကြီးများတပ်ဆင်နေစဥ်။ ဓာတ်ပုံ - ပေးပို့)
(ဒီးဒုတ်ကွင်းရွာတွင် အထိုင်ချထားသော စစ်တပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ရန် တော်လှန်ရေးရဲဘော်များက လက်နက်ကြီးများတပ်ဆင်နေစဥ်။ ဓာတ်ပုံ - ပေးပို့)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဒီးဒုတ်ကွင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို မဟာမိတ်လေးဖွဲ့ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ၂နာရီကြာပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မကွေးခရိုင် PDFတပ်ရင်း (၂)က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မတ်လ ၁၅ ရက် ညနေ ၄နာရီတွင် မကွေးခရိုင် အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ (၂)တောင်တွင်းကြီးတပ်ခွဲ၊ ပေါက်တပ်ရင်း (၄)၊ King Fighter Special Guerrilla Force၊ ပေါက် Zone-5 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထိခိုက်သေဆုံးမှုစာရင်းကို အတိအကျမသိရှိရသေးပါဘူး။ စုံစမ်းဆဲပါ။ ကျွန်တော်တို့ဘက်က အဖွဲ့လေးဖွဲ့ပေါင်းပြီး (၆၀) မမတွေ ရော့ကတ် တွေနဲ့ သွားပစ်ခဲ့တာ”ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ ဗိုလ်စံသျှားက People’s Spring သို့ ပြောသည်။

ဒီးဒုတ်ကွင်းကျေးရွာရှိ ပျူစောထီးများသည် စစ်ကောင်စီတပ်အား ရပ်ရွာအတွင်း တပ်စွဲထားစေသည့်အပြင် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးရာတွင် စစ်တပ်နှင့်အတူလိုက်ပါပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရာတွင် ပါဝင်နေခြင်းကြောင့် ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးခရိုင် တပ်ရင်း (၂)က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၆၀ခန့်ရှိသော ဒီးဒုတ်ကွင်းရွာ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ရော့ကတ်များမှာ မကွေးခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂) တောင်တွင်းကြီးတပ်ခွဲမှထုတ်လုပ်သော လက်နက်များအား အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မတ်လ ၁၅ ရက်က ပေါက်မြို့နယ် သနပ်ပင်ဇင်းကျေးရွာဘက်တွင် အင်အား (၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို အနောက်ပိုင်းတိုင်း PDFတပ်ရင်း (၇၀၃) နှင့် မဟာမိတ်များပူးပေါင်းတိုက်ခိုက်မှုကြောင့် တပ်ဆုတ်သွားခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။