Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင် မုံရွာ(နမခ)ရောက်ရှိချိန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - cincds)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - cincds)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ရောက်ရှိချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂိတ်များသို့ကျရောက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်က ဓါတုလက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ဆုတ်ခွာခဲ့ကြောင်း အဆိုပါတာဝန်ခံက ပြောသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲ ၂နာရီခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)အား လက်နက်ကြီးများဖြင့် ပစ်ခတ်တ်ိုက်ခိုက်ခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးကျည်ကျလာပြီး ဓါတ်ငွေ့ထွက်လာတာ။ အဲလက်နက်က မူးဝေစေတာ။ အရင်ကတခါခံဖူးတော့ ချက်ချင်းဆုတ်လာတာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စစ်အုပ်စုဘက်ကထိခိုက်မှုအခြေအနေကိုမူ မသိရသေးဘဲ PDFရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်ဆင်ရေးရဲဘော်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDFအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Chindwin Attack Force၏ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ခွဲများ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ လက်နက်ခဲယမ်းများလိုအပ်နေကြောင်း အသိပေးထားသည်။

မတ်လ ၁၄ ရက် ညပိုင်းကလည်း မုံရွာမြို့ (နမခ)ကို လက်နက်ကြီးများဖြင့် ၄၅ မိနစ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကြောင်း Chindwin Attack Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။