Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် မုံရွာ(နမခ)ရောက်ရှိချိန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - cincds)
(အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မနခ၌ ရောက်ရှိတွေ့ဆုံနေစဥ်။ ဓာတ်ပုံ - cincds)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ရောက်ရှိချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂိတ်များသို့ကျရောက်ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်က ဓါတုလက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ ဆုတ်ခွာခဲ့ကြောင်း အဆိုပါတာဝန်ခံက ပြောသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲ ၂နာရီခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)အား လက်နက်ကြီးများဖြင့် ပစ်ခတ်တ်ိုက်ခိုက်ခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးကျည်ကျလာပြီး ဓါတ်ငွေ့ထွက်လာတာ။ အဲလက်နက်က မူးဝေစေတာ။ အရင်ကတခါခံဖူးတော့ ချက်ချင်းဆုတ်လာတာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

စစ်အုပ်စုဘက်ကထိခိုက်မှုအခြေအနေကိုမူ မသိရသေးဘဲ PDFရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း စစ်ဆင်ရေးရဲဘော်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDFအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Chindwin Attack Force၏ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ခွဲများ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ လက်နက်ခဲယမ်းများလိုအပ်နေကြောင်း အသိပေးထားသည်။

မတ်လ ၁၄ ရက် ညပိုင်းကလည်း မုံရွာမြို့ (နမခ)ကို လက်နက်ကြီးများဖြင့် ၄၅ မိနစ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကြောင်း Chindwin Attack Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။