သတင်း ကျေးရွာများသို့ကွင်းဆင်းပြီး ပျူ၊ ဒလန်၊ သတင်းပေး မွေးနေသည့် စစ်ကောင်စီထောက်တိုင်ဝန်ထမ်းများ ရပ်တန်းကရပ်ကြရန် မုံရွာအခြေစိုက်မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး မီးရှို့ခြင်း၊ မတရားသတ်ဖြတ်ခြင်းခံနေရသည့် ပြည်သူ့ဘက်မရပ်တည်ဘဲ ပျူ၊ ဒလန်၊ စကစသတင်းပေး မွေးမြူနေသည့်လုပ်ငန်းများကို ရပ်တန်းကရပ်ကြရန် သတိပေးလိုက်ကြောင်း မြို့ပြပြောက်ကျား အဖွဲ့များက ပြောသည်။ LuduNwayOoမေ 27, 2022
News ချင်းတွင်းမြစ်အတွင်း မော်တော်ယာဥ်များတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က မြစ်ဘေးရှိ ကျေးရွာသုံးရွာမီးရှို့ရာ နေအိမ်ပေါင်း ၂၀၀ကျော်ပျက်စီး မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးမှုကြောင့် ဘင်၊ အနောက်တော၊ သံပေါက်၊ လောင်းပြည့်၊ ဇင်ကလဲ၊ နှင်းကြီး၊ လက်ချိတ်၊ ဖက်ခက် ၊ တောင်လက်ဒေသမှ ပွင့်လျက်၊ အနောက်ကူလဲ စုစုပေါင်း ၁၀ရွာအထိရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 23, 2022
News တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများ မီးရှို့နေသည့် စစ်အုပ်စုကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ဦးသေ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။ LuduNwayOoမေ 23, 2022
News တန့်ဆည်တောင်ပိုင်းရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ စစ်ရှောင်ပြည်သူ ၅,၀၀၀ ခန့်ရှိနေ မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အရေအတွက်မှာ ဖန်းခါးဇင်းရှိ အိမ်ခြေ ၂၀၀တွင် အနည်းငယ်ကျန်၊ ချောင်းရိုးရှိ အိမ်ခြေ ၅၀၀တွင် အနည်းငယ်ကျန်ပြီး စိမ်းစားရှိ အိမ်ခြေ ၆၅ လုံးမှာ အားလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ LuduNwayOoမေ 21, 2022
News ဖယ်ခုံရှိ ကျေးရွာ သုံးရွာ၌ တစ်နေ့လုံး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုများ၊ PDF ရဲဘော်တစ်ဦးကျဆုံး မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။ LuduNwayOoမေ 20, 2022
News မြိုင်နယ်တွင် စစ်အုပ်စုက စစ်ကြောင်းထိုးပြီး ကျေးရွာများမီးရှို့ဖျက်ဆီးနေ၍ ပြည်သူများ သတိထားနေထိုင်ကြရန် ဂဠုန်ပြောက်ကျားတပ် သတိပေး မေလ ၁၅ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲတွင် မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။ယင်းနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။ LuduNwayOoမေ 20, 2022
News ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများအား စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ် အင်းရွာသည် ရွာငယ်လေးငါးရွာခန့် စုပေါင်းထားသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွာလယ်ပိုင်းကို မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ မီးလောင်အိမ်ခြေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 20, 2022
News ရေလယ်ကျွန်းဒေသရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြန်လာသော စစ်ကောင်စီတပ်ကို မြောင်(CDSOM) တိုက်ခိုက် အကြမ်းဖက်စစ်တပ်မှ မီးရှို့နေစဥ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ အသေအပျောက်များနိုင်ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်က ညောင်ကားယားကျေးရွာအား ညနေ ၅နာရီဝန်းကျင်မှစ၍ မီးစရှို့ရာ ညပိုင်းအထိ လောင်ကျွမ်းခဲ့ပြီး နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။ LuduNwayOoမေ 19, 2022
News မြိုင်မြို့နယ်တွင် ကျေးရွာမီးရှို့ဖျက်ဆီးပြီး ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ပေါင်းစု တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ခုနှစ်ဦးသေဟုဆို တိုက်ပွဲတွင် ပြည်သူ့ရဲဘော်များအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း တိုက်ခိုက်ခံခဲ့ရသည့် စစ်တပ်သည် ပိတောက်ကန် ကျေးရွာမှ ပြည်သူငါးဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၇လုံးကို ယမန်နေ့ ညပိုင်းက မီးရှို့ခဲ့ ကြောင်းလည်း သိရသည်။ LuduNwayOoမေ 16, 2022
News ရွှေဘိုမြို့နယ်တွင် စစ်အုပ်စုတပ်စွဲရာ ကျေးရွာနှစ်ရွာကို မဟာမိတ်(၇)ဖွဲ့ သွားရောက်တိုက်ခိုက် ယမန်နေ့(မေလ ၁၄ရက်)က ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ ပျူခေါင်းဆောင်မောင်ဆန်းဦးဆောင်သော ပျူအဖွဲ့အားသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း C&T SHWEBOအဖွဲ့က ပြောသည်။ LuduNwayOoမေ 15, 2022