Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများ မီးရှို့နေသည့် စစ်အုပ်စုကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ဦးသေ

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မဟာ(တန့်ဆည်)က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ ယနေ့(မေ ၂၂ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ၎င်းတို့တပ်စွဲထားရာ ခပေါင်းကြိုင်ကျေးရွာမှာ စတင်ထွက်ခွာလာပြီးနောက် စိမ်းစားကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ကနဦးသုံးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယနေ့ညနေပိုင်းတွင် ချောင်းရိုးကျေးရွာနှင့်ရေဦးမြို့နယ် လှည်းသွင်းကျေးရွာအကြား ထပ်မံတိုက် ခိုက်ရာ အနည်းဆုံး၁၀ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော်ထိခိုက်ခဲ့သည်ဟု ဖော်ပြသည်။

“ဒီနေ့ တိုက်ခဲ့တဲ့ စခစစ်ကြောင်းက အင်အား၁၀၀ကျော် ရှိတယ်။သူတို့စစ်ကြောင်းက ရေဦးဘက်ကို ပြန်ထွက် ဖို့ လုပ်နေတာ။ဒါကိုကြိုသိလို့ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစုပြီး တိုက်ခဲ့တာ”ဟု တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မဟာမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာသွားသည့်စစ်ကောင်စီတပ်သည် ၎င်းတို့မီးရှို့စဥ် မီးမလောင်ဘဲ ကျန်ရှိခဲ့သည့် ချောင်းရိုးနှင့်စိမ်းစားတပ်ကုန်ကျေးရွာများရှိ နေအိမ် အလုံး ၄၀ကျော်ကိုထပ်မံ မီးရှို့ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ယနေ့တိုက်ပွဲအား ဖီးနစ်တန့်ဆည်၊Dragon Warrior ၊TY Local အဖွဲ့များအပြင် နီးစပ်ရာကျေးရွာမြေပြင်အဖွဲ့များနှင့်အတူ ရွှေဘိုခရိုင် တပ်ရင်း(၆၊၇)တို့မှ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် အစစအရာရာကူညီပေးကြသော မြေ ပြင်အဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ကူညီပံ့ပိုးမှု့အား လေးစားအသိမှတ်ပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယခုလ ၂၀ရက် တစ်ရက်တည်း၌ပင် တန့်ဆည်မြို့နယ် ဖန်းကားဇင်၊စိမ်းစား၊ချောင်းရိုးနှင့် ခပေါင်းကြိုင် စသည့်ကျေးရွာ ​လေးရွာမှပြည်သူပိုင် နေအိမ် ၅၀၀ကျော်ကို အကြမ်းဖက် စစ်ကောင်စီမှ မီးတင်ရှို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။