Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် မီးရှို့ဖျက်ဆီးခံရသည့် ​ကျေးရွာ ၃၀​ကျော်မှ အရပ်သားပြည်သူ တစ်​သောင်း​ကျော် စားနပ်ရိက္ခာနှင့် ​ဆေးဝါးအကူအညီများ လိုအပ်​နေ

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၃၀ကျော်မှ နေအိမ်ပေါင်း ၁,၃၀၀ကျော်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့၍ အရပ်သားပြည်သူ တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ အရပ်သားနေအိမ်များ မီးလောင်ဆုံး ရှုံးခဲ့သည့်စာရင်းကို ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးဌာနက မေလ ၃၀ရက် ညတွင်ထုတ်ပြန်ခဲ့ပြီး စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုအနေဖြင့် အကူအညီပေးကြရန်လည်း တိုက်တွန်းထားသည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

” မီးဘေးသင့်ပြည်သူများဟာ သောင်းချီ ရှိလာပါတယ်။မိုးရာသီရောက်နေပြီ ဖြစ်တာကြောင့် နေစရာခိုင်ခန့်လုံခြုံမှုလိုအပ်လာသလို ဆေးဝါးရိက္ခာကစ ပိုမိုလိုအပ်နေပြီ ဖြစ်ပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ခင်ဦးမြို့နယ်တွင်စစ်ကောင်စီက ယခုလတ်တလော အကြမ်းဖက်မှုအဖြစ် သရက်ကုန်းရွာရှိ ဘာသာရေးအဆောက်အဦ(ဗလီ)တစ်ခုအပါအဝင် ပြည်သူပိုင်နေအိမ် ၇၅လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ထုတ်ပြန်ထားသည်။

သရက်ကုန်းကျေးရွာကို စစ်ကောင်စီက မေလ ၂၉ရက်တွင် မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)
(သရက်ကုန်းကျေးရွာကို စစ်ကောင်စီက အကြမ်ဖက်တိုက်ခိုက်ခဲ့သည့် သက်သေခံမှတ်တမ်းဓာတ်ပုံများ)

ယနေ့(မေလ ၃၁ရက်)နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် ငှက်ပျောရွာကျေးရွာကို စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မေလ ၂၉ရက်ညနေတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပြီး တစ်ပတ်ကျော်လာလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။