Connect with us

Hi, what are you looking for?

News

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများအား စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်

အင်းရွာသည် ရွာငယ်လေးငါးရွာခန့် စုပေါင်းထားသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွာလယ်ပိုင်းကို မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ မီးလောင်အိမ်ခြေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

(အင်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

▪️ဘုန်းကြီးကျောင်းတစ်ကျောင်းထိမှန်ကာ ကိုရင်များအပါအဝင် ခုနစ်ဦးထိခိုက်ပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများအား စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဘုန်းကြီးကျောင်းတစ်ကျောင်းထိမှန်ကာ ကိုရင်များအပါအဝင် ခုနစ်ဦးထိခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(မေလ ၁၉ ရက်) နံနက်ပိုင်းက ထီးချိုင့်​မြို့နယ်မှ တက်လာသော စစ်ကောင်စီတပ်သည် ကသာမြို့နယ်ရှိ ပေလမ်းရွာ၊ အင်းရွာနှင့် သပြေသာ​ကျေးရွာတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

(အင်းကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

ထိုသို့ ပစ်ခတ်မှုကြောင့် ကသာမြို့နယ် ပေလမ်းရွာရှိဘုန်းကြီးကျောင်း ထိမှန်ပြီး ကိုရင် ​လေးပါး၊အမျိုးသမီး ​နှစ် ဦး၊ အမျိုးသား တစ်ဦး စုစုပေါင်း ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ငါးအိုးဆေးရုံမှ ရွှေကူဆေးရုံသို့ ထပ်မံလွှဲပြောင်းရာ လမ်း၌ သေဆုံးခဲ့ရကြောင်း ကသာ(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ကသာမြို့နယ်၊ အင်းကျေးရွာ အလယ်ရပ်အား မီးရှို့ဖျက်ဆီးခဲ့သည်။

“အင်းကျေးရွာ ပြည်သူများရဲ့ နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။မီးရှို့ခံ ​အိမ်ခြေအရေအတွက်များနိူင်ပါတယ်။ သပြေသာရွာကို ပစ်ခဲ့တဲ့ လက်နက်ကြီးကြောင့်လည်း အိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။”ဟု ကသာ(ပဖက)အဖွဲ့က ပြောသည်။

အင်းရွာသည် ရွာငယ်လေးငါးရွာခန့် စုပေါင်းထားသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွာလယ်ပိုင်းကို မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ မီးလောင်အိမ်ခြေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းအား ကြက်တစ်ကောင်နှင့် သပြေသာကြားတွင် ကသာခရိုင်PDF တပ်ရင်း (၃)၊ကသာ၊ထီးချိုင့် (ပကဖ)များမှ တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြော သည်။

ထို့အပြင် ကြက်တစ်ကောင်မှ ထွက်လာမည့် သ​င်္ဘောသုံးစင်းအားကာကွယ်ရန် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာများကို အကြမ်းဖက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ကသာ(ပဖက)အဖွဲ့က ခန့်မှန်းပြောကြား သည်။ ထို့ကြောင့် မြစ်ကြောင်းတစ်လျှောက်ကျေးရွာများ သတိထားကြရန် ကသာ(ပကဖ)အဖွဲ့က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။