သတင်း ဖားကန့်မြို့နယ် လီဒိုလမ်းအနီး KIAနှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooဧပြီ 16, 2025
သတင်း စစ်ကောင်စီက KNU နယ်မြေများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လုပ်နေ၍ ပြည်သူ သေဆုံးထိခိုက်ရှိ မြန်မာနိုင်ငံအတွင်း ငလျင်ဘေးကြုံရပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေ၍ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများအတွင်းရှိ ပြည်သူ သေဆုံးထိခိုက်မှုများ ဆက်ရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။ ludunwayooဧပြီ 15, 2025
သတင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ NLD ပါတီပြန်လည်မှတ်ပုံတင်ရန် ပါတီဝင်အချို့ကြိုးပမ်းမှု ဒေါ်အောင်ဆန်းစုကြည် လက်မခံခဲ့ဟု စစ်ကောင်စီပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်အချို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ပြန်လည်မှတ်ပုံတင်ရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့်တောင်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ကြောင်း သိရသည်။ ludunwayooဧပြီ 15, 2025
သတင်း စစ်ကောင်စီက အင်းတော်မြို့နယ်ရှိဘုန်းကြီးကျောင်းကိုဗုံးကြဲ တော်လှန်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ludunwayooဧပြီ 15, 2025
သတင်း စလင်း – စေတုတ္တရာလမ်းပိုင်းရှိ စစ်ကောင်စီ၏(၁၈)မိုင်စခန်းကုန်း တော်လှန်ရေးတပ်များ သိမ်းပိုက် စစ်သုံ့ပန်း လေးဦးနှင့် လက်နက်ငါးလက်ရဟု တော်လှန်ရေးတပ်များပြော ludunwayooဧပြီ 15, 2025
Infographics စစ်ကောင်စီကင်းစင်ဖို့ ပိုနီးကပ်လာတဲ့ချင်းပြည်နယ် ချင်းညီနောင်နဲ့ မဟာမိတ်တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။ ludunwayooဧပြီ 11, 2025
သတင်း ဧရာဝတီတိုင်းတွင် စစ်ရေးဆက်လက်တင်းမာ၊ စစ်ကောင်စီကလေးမျက်နှာမြို့နယ်၌လေကြောင်းတိုက်ခိုက် ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။ ludunwayooဧပြီ 11, 2025
သတင်း ဖလမ်းနှင့် အင်းတော်ဆုံးရှုံးသည့် စစ်ကောင်စီက ဒေသတွင်းမြို့ရွာများ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၄၀နီးပါး သေဆုံး စစ်ကိုင်းငလျင်ကြီးအပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် သေဆုံးရသည့် ပြည်သူ ၁၀၀ ကျော်ရှိလာ ludunwayooဧပြီ 11, 2025
သတင်း ငလျင်ဘေး ကူညီရေး ကုလနဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီဆို ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပံ့ပိုးပေးရေးမှာ ပေါင်းစပ်ဆောင် ရွက် ဖို့ ကုလသမဂ္ဂရဲ့အထူးကိုယ်စား လှယ်နဲ့ နေပြည်တော်မှာ ဧပြီ ၉ ရက် ကတွေ့ဆုံဆွေးနွေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဧပြီ 11, 2025
သတင်း ငလျင်ဘေးကူညီလာသည့် တရုတ်ကြက်ခြေနီ အသင်းယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက် ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ludunwayooဧပြီ 2, 2025