Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက အရာ​တော်နယ်ကိုဗုံးကြဲ၊ ပြည်သူများထိခိုက်​သေဆုံးမှုရှိ

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

စစ်​ကောင်စီက အရာ​တော်မြို့နယ်၊စစ္စည်းရွာကိုဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-သက်​နောင်

ဧပြီ-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်​ကောင်စီကသင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နံနက် ပိုင်းတွင်စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကို လေကြောင်းမှဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကာ နေအိမ်နှင့် အဆောက်အဦး ပျက်စီးမှုများစွာရှိခဲ့သည်။

“အရာတော်နယ်တော်တော်နိမ့်နိမ့်လေးဖြတ်ပျံသွားပါတယ်။စစ္စည်ရွာထိတာဗျ ၊အခြေနေမကောင်းဘူးတော်တော်ထိတယ်။ပြည်သူတွေတော်တော်ထိတာ။ ၄လုံးချသွားတာဂျက်ဖိုက်တာနဲ့”ဟု ​ဒေသခံတဦးကပြောသည်။

အရာတော်မြို့နယ်၏ တောင်ဘက်ခြမ်းရှိ စစ္စည်ရွာ ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ အရာတော်မြို့နယ်အခြေစိုက် စစ်အခြေခံလေကျင့်ရေးတပ် အမှတ် ၁၀ (စခတ ၁၀) မှလည်း ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမရှိဘဲ စစ်​ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး စခတ ၁၀ မှဟောင်ဝစ်ဇာများဖြင့် ယ​နေ့ မနက်ပိုင်းတွင် ​​​လေ​ကြောင်းမှ ဗုံးမကြဲခင်​ရော ၊ဗုံးကြဲပြီးတွင်ပါဆက်တိုက်ပစ်ခတ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

လက်ရှိကာလအရ ဆောင်းဘောက်အသံများကို ရပ် နားထားပြီး လေကြောင်းအန္တရာယ် နှင့် လက်နက်ကြီး အန္တရာယ် ဂရုစိုက်ကြရန် လည်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိ​ပေးထားသည်။

စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီးနှင့် တိုက်ခိုက်ခဲ့မှုနှင့် နောက်ဆက်တွဲ အခြေအနေကို အရာတော် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ထံလူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ထို့အပြင် စစ်​ကောင်စီသည် ဧပြီ ၁၆ ရက်တွင်ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာ မြို့နယ် ဆေးရုံ ကိုဗုံးကြဲခဲ့ရာ ပြည်သူ ၃ ဦး​သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်းကရင်ပြည်နယ် ကျုံးဒိုးမြို့ကို စစ်ကောင်စီသည်လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ပြည်သူများသေဆုံးမှုရှိထားသည်။

စစ်​ကောင်စီသည် မြန်မာပြည်သူများတန်ဖိုးထားသည့် မဟာသင်္ကြန်ပွဲ​တော်ကာလမှာပင် ​ကျောက်​တော် ၊​ကောလင်း ၊သပိတ်ကျင်း၊ ကနီ၊ အင်း​တော် ၊ဗန်း​မော်၊မင်းတပ် စသဖြင့် နိုင်ငံတစ်ဝန်း ဗုံးဆက်တိုက်ကြဲ​နေခြင်းဖြစ်သည်။

(စစ်​ကောင်စီက အရာ​တော်မြို့နယ်၊စစ္စည်းရွာကိုဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-သက်​နောင် )

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook