Connect with us

Hi, what are you looking for?

သတင်း

ငလျင်အပြီးကယ်ဆယ်ရေးကာလအတွင်း စစ်ကောင်စီက ပြည်သူကိုပစ်မှတ်ထား နေ့စဉ်တိုက်ခိုက်နေဟု KNU ပြော

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်များများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ပြည်သူ ထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ သင်္ကြန်ကာလ သက်ကြီးရွယ်အိုများ ဥပုသ်စောင့်သီလယူသော ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို ဧပြီ ၁၅ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Mee Mee Lay/FB

ဧပြီ ၁၆၊၂၀၂၅။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်များရှိ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ ကလေးငယ်များအပါအဝင် ပြည်သူ ထိခိုက်မှုများရှိခဲ့ကြောင်း KNU ဗဟိုက ဧပြီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးလုပ်ဆောင်ရမည့် ကာလဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဥ်နှင့်အမျှ လိုက်ခံပစ်ခတ် လျက်ရှိဟု အသိပေးသည်။

KNU နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ၊ ဒရုန်းပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှု အခြေအနေ အချို့ကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့၍ ဧပြီ ၈ရက်နှင့် ၁၀ရက်တွင် ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၈ဦး ဒဏ်ရာရခဲ့ဟု ဆိုသည်။

KNU ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြိုနယ်၊ မောင်းမရွာသစ်ကျေးရွာ အတွင်း ဧပြီ ၁၀ရက် ညနေပိုင်းတွင် ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ဗုံးကြဲချခဲ့ရာ အသက် (၁၀) နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် (၅၅) နှစ်အရွယ် အမျိုသား တစ်ဦး ၊ အသက် (၅၀) နှစ်အရွယ် အမျိုးသမီး တစ်ဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။

ဧပြီ ၈ရက်ညကလည်း ကော့ကရိတ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အံကောင်ကျေးရွာ၊ ကျိုက်သလိုက်ကျေးရွာ နှင့် ဒေါက်ပလန် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၂၆) နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် (၁၄) နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် (၉) နှစ်အရွယ် ယောက်ျားလေး တစ်ဦး နှင့် အသက် (၆) နှစ်အရွယ် ယောက်ျားလေး တစ်ဦး ထိမှန် ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

KNU ထုတ်ပြန်သည့် စာရင်းများအရ ငလျင်ဘေးပြီးနောက်ပိုင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင် မြို့ရွာများသို့လည်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့သည်။

အလားတူပင် စစ်ကောင်စီတပ်သည် ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်မည်ဟု ကြေညာခဲ့သော်လည်း ကချင်၊ စစ်ကိုင်း၊မကွေး၊ မန္တလေး၊ ရှမ်းမြောက် ၊ ရက္ခိုင်၊ ကရင်၊ ကရင်နီနှင့် ချင်းဒေသအသီးသီးရှိ ပြည်သူများနေထိုင်ရာသို့ ပစ်မှတ်ထားပြီး လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသသတင်းရင်းမြစ်များ၏ ပြောပြချက်အရ ငလျင်လှုတ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း၌ အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူ ၁၀၀ ကျော်ရှိနေပြီဖြစ်သည်။

ယမန်နေ့ ဧပြီ ၁၅ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ သင်္ကြန်ကာလ သက်ကြီးရွယ်အိုများ ဥပုသ်စောင့်သီလယူသော ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။