News စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဟု ပုလဲ PDF ထုတ်ပြန် ပုလဲ PDFသည် စက်တင်ဘာ ၃၀ရက်ကလည်း ပုလဲမြို့နယ် လက်ပုကန်ရွာနှင့် နှောကန်ရွာ အကြား ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoအောက်တိုဘာ 3, 2021
News NLD အမတ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိ၍ အသက် ၉၀ကျော်မိခင်နှင့် သမီးဖြစ်သူကို စစ်ကောင်စီဖမ်းဆီး အသက် ၉၀ ကျော်အရွယ် ဦးမျိုးဝင်း၏ မိခင်သည် ကျန်းမာရေးမကောင်း၍ နေအိမ်၌ ဆေးကုနေရသူ ဖြစ်သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 3, 2021
News သန်လျင်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူ အုန်းသန်း သေနတ်ဖြင့်ပစ်သတ်ခံရ လက်ရှိတွင် တာ၀ကညင်ပင်ဘုန်းကြီးကျောင်း အနီးတစ်ဝိုက်၌ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် ရောက်ရှိနေကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoအောက်တိုဘာ 3, 2021
News ဖာပွန်ခရိုင်အတွင်း တစ်ရက်တည်းတိုက်ပွဲ ခြောက်ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၂၃ဦးသေဟု KNU တပ်မဟာ (၅)ထုတ်ပြန် KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်း အာဏာလုစစ်ကောင်စီတပ်ဘက်မှ နယ်မြေစိုးမိုးမှု မရရိစေရန်နှင့် မိမိနယ်မြေအား ခုခံထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်းအပေါ် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြား ဖြည့်တင်းလျက်ရှိကြောင်း ထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 3, 2021
News ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အနည်းဆုံး နှစ်ဦးသေ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံးနှစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ KA၊ KNDF ဘက်ကမူ ထိခိုက်ကျဆုံးမှုမရှိကြောင်း KA၊ KNDF အဖွဲ့က ဆိုသည်။ LuduNwayOoအောက်တိုဘာ 3, 2021
News သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ကသေနတ်နဲ့ပစ် ကားဖြင့်တိုက်ပြီး သံဃာတော်ငါးပါးနှင့် လူသုံးဦးကိုဖမ်းစီး ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည့် သံဃာတော်များအား သင်္ကန်းကိုဇွတ်အတင်းချွတ်ကာ လူဝတ်လဲခိုင်းပြီး ရဲစခန်းသို့ ခေါ်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoအောက်တိုဘာ 2, 2021
News လီဒိုလမ်းမတွင် KIAနှင့် စစ်ကောင်စီတပ်ထပ်မံတိုက်ပွဲဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ဒေသခံအချို့ဒဏ်ရာရ KIA တပ်မဟာ(၂)၊ တပ်ရင်း (၁၄) နယ်မြေ ဘန်ကောက်နှင့် အောင်ရာကျေးရွာအကြားမှာသို့ အင်အား ၂၀ ခန့်ဖြင့် စစ်ရေးလှုပ်ရှားဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် အောက်တိုဘာ ၂ရက် နံနက် ၈နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 2, 2021
News စစ်ကောင်စီသတင်းပေးဟုမသင်္ကာသူကို စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိဟု ကရင်နီပြည်ရဲဌာနထုတ်ပြန် အဆိုပါ အမျိုးသားကို KGZ အထူးတပ်ဖွဲ့မှ အောက်တိုဘာ ၁ရက်တွင် ဖမ်းမိခဲ့ပြီး ယနေ့တွင် ရဲဌာနသို့လာရောက်အပ်နှံခဲ့သည်ဟုဖော်ပြထားသည်။ မည်သည့်မြို့နယ် မည်သည့်ဒေသ၌ ဖမ်းမိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။ LuduNwayOoအောက်တိုဘာ 2, 2021
News ဂန့်ဂေါ-ကလေး လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ထပ်မံအကြမ်းဖက်နေ “သူတို့ဘာသာသူတို့ ပစ်နေတာ။ ရွာထဲဘက်ကို လက်နက်ကြီးနဲ့ပစ်နေတာ တောင်ဘက်ကနေ။ ထယ်လှော်ဘက်လည်း ပြန်ပြီးမီးရှို့လို့တော့ ကြားတယ်။ ဘယ်နှစ်လုံးလောင်လဲတော့ မသိဘူး”ဟု ၎င်းက ပြောသည်။ LuduNwayOoအောက်တိုဘာ 2, 2021
News မန္တလေး သံဃာသမဂ္ဂသပိတ်စစ်ကြောင်း ဖြိုခွင်းဖမ်းဆီးပြီးနောက် ဘုန်းကြီးကျောင်းအချို့ကို စစ်ကောင်စီ လိုက်လံရှာဖွေနေ "အခုတော့ တချို့ကိုယ်တော်တွေလည်းရှောင်နေကြတယ်။ ဖမ်းခံလိုက်ရတဲ့ကိုယ်တော် ၅ဦးထပ်တော့ မနည်းဘူး။ လူတချို့လည်းပါသွားကြတယ်။"ဟု ဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။ LuduNwayOoအောက်တိုဘာ 2, 2021