Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဟု ပုလဲ PDF ထုတ်ပြန်

ပုလဲ PDFသည် စက်တင်ဘာ ၃၀ရက်ကလည်း ပုလဲမြို့နယ် လက်ပုကန်ရွာနှင့် နှောကန်ရွာ အကြား ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသည့်အာ စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို ယနေ့ မနက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၃ရက်တွင် ပုလဲမြို့နယ်အတွင်း ရောက်ရှိလာသော အမြှောက်ကား ၂စီးပါသည့် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းအား နံနက် ၈နာရီ အချိန်ခန့်မှစ၍ ဆီးကြိုုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မည်သည့်နေရာတွင် တိုက်ခိုက်သည်ဆိုသည်ကိုမူ အသေးစိတ်ဖော်ပြမထားသေးပေ။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ PDF ရဲဘော်များ အထိအခိုက်မဖြစ်စေရန် ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။ အသေးစိတ်သတင်းများကို ဆက်လက်တင်ပြသွားမည်ဟုလည်းဆိုသည်။

ပုလဲ PDFသည် စက်တင်ဘာ ၃၀ရက်ကလည်း ပုလဲမြို့နယ် လက်ပုကန်ရွာနှင့် နှောကန်ရွာ အကြား ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။