Connect with us

Hi, what are you looking for?

News

စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဟု ပုလဲ PDF ထုတ်ပြန်

ပုလဲ PDFသည် စက်တင်ဘာ ၃၀ရက်ကလည်း ပုလဲမြို့နယ် လက်ပုကန်ရွာနှင့် နှောကန်ရွာ အကြား ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဝင်ရောက်လာသည့်အာ စစ်ကောင်စီယာဉ်တန်းနှင့် စစ်ကြောင်းကို ယနေ့ မနက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၃ရက်တွင် ပုလဲမြို့နယ်အတွင်း ရောက်ရှိလာသော အမြှောက်ကား ၂စီးပါသည့် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းအား နံနက် ၈နာရီ အချိန်ခန့်မှစ၍ ဆီးကြိုုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မည်သည့်နေရာတွင် တိုက်ခိုက်သည်ဆိုသည်ကိုမူ အသေးစိတ်ဖော်ပြမထားသေးပေ။

အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ PDF ရဲဘော်များ အထိအခိုက်မဖြစ်စေရန် ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။ အသေးစိတ်သတင်းများကို ဆက်လက်တင်ပြသွားမည်ဟုလည်းဆိုသည်။

ပုလဲ PDFသည် စက်တင်ဘာ ၃၀ရက်ကလည်း ပုလဲမြို့နယ် လက်ပုကန်ရွာနှင့် နှောကန်ရွာ အကြား ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား