Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များကို သုံးကြိမ်တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံး

“ဒီနေ့ တကယ် မိုက်တယ်။ ပစ်မှတ်တွေထိတယ်။ ရှေ့ဆက်ဖို့အားတွေ ရတယ်။ လူထု မေတ္တာလည်း ရနေတယ်”ဟု ကလေး PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကလေးမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၃ရက်)တစ်နေ့တည်း၌ အာဏာသိမ်းစစ်ကောင်စီတပ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သုတ်သင်နိုင်ခဲ့ကြောင်းကလေးPDFက သတင်းထုတ်ပြန်သည်။

“ဒီနေ့ တကယ် မိုက်တယ်။ ပစ်မှတ်တွေထိတယ်။ ရှေ့ဆက်ဖို့အားတွေ ရတယ်။ လူထု မေတ္တာလည်း ရနေတယ်”ဟု ကလေး PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

◼︎ ပထမအကြိမ်တိုက်ခိုက်ခြင်း

စစ်ကားနှင့် အိမ်စီးကား စုစုပေါင်းရှစ်စီးခန့်ပါ စစ်ကောင်စီယာဥ်တန်း လုံခြုံရေးအတွက် ကလေးနည်းပညာတက္ကသိုလ် အနီး မိုင်းရှာနေကြစဥ် ကလေးPDF ကနံနက် ရှစ်နာရီခန့်က မိုင်းခွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း People’s Defence Force(Kalay)ကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

◼︎ ဒုတိယအကြိမ်တိုက်ခိုက်ခြင်း

အလစ်အငိုက်ခံရပြီး အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ် မောင်းနှင်သွားရာ သာယာကုန်းရွာအနီးတွင် ကလေး PDFက ထပ်မံ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြန်သည်။ ထိုသို့တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟုဖော်ပြထားသည်။

◼︎ တတိယအကြိမ်တိုက်ခိုက်ခြင်း

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စည်သာရွာအနီးတွင်အင်အားစုစည်း၍ ကား ခြောက်စီးဖြင့် ထွက်ခွာလာရာ နံနက် ၁၁ နာရီခန့်တွင် ပန်းမွန်ချောင်းတံတားနှင့် အောင်ချမ်းသာရွာကြား တစ်နေရာတွင် ကလေးPDFနှင့် ချင်းCNDFက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။ကားတစ်စီး စုတ်ပြတ်သွားသည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုသုံးကြိမ်စလုံးတွင် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ကလေးPDF (People’s Defence Force(Kalay)ကသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့်ကာလအတွင်း ကလေး-ဂန့်ဂေါ၊ ကလေး-တမူးလမ်းပိုင်းများတွင် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း အသိပေးတိုက်တွန်းထားသည်။

ကလေးPDFသည် စစ်ကောင်စီအား ခုခံစစ်ဆင်နွှဲရာတွင် အောင်မြင်မှုများ ရနေပြီး လူထုဆီမှ အားပေးထောက်ပံ့မှုများလည်း ရရှိနေသည်ဟု ကလေးမြို့ခံများကပြောသည်။ဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုသတင်းများကိုအတိအကျ စုစည်းရယူနိုင်သည်ဟု ကလေးPDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား