Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များကို သုံးကြိမ်တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံး

“ဒီနေ့ တကယ် မိုက်တယ်။ ပစ်မှတ်တွေထိတယ်။ ရှေ့ဆက်ဖို့အားတွေ ရတယ်။ လူထု မေတ္တာလည်း ရနေတယ်”ဟု ကလေး PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကလေးမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၃ရက်)တစ်နေ့တည်း၌ အာဏာသိမ်းစစ်ကောင်စီတပ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း သုတ်သင်နိုင်ခဲ့ကြောင်းကလေးPDFက သတင်းထုတ်ပြန်သည်။

“ဒီနေ့ တကယ် မိုက်တယ်။ ပစ်မှတ်တွေထိတယ်။ ရှေ့ဆက်ဖို့အားတွေ ရတယ်။ လူထု မေတ္တာလည်း ရနေတယ်”ဟု ကလေး PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

◼︎ ပထမအကြိမ်တိုက်ခိုက်ခြင်း

စစ်ကားနှင့် အိမ်စီးကား စုစုပေါင်းရှစ်စီးခန့်ပါ စစ်ကောင်စီယာဥ်တန်း လုံခြုံရေးအတွက် ကလေးနည်းပညာတက္ကသိုလ် အနီး မိုင်းရှာနေကြစဥ် ကလေးPDF ကနံနက် ရှစ်နာရီခန့်က မိုင်းခွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း People’s Defence Force(Kalay)ကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

◼︎ ဒုတိယအကြိမ်တိုက်ခိုက်ခြင်း

အလစ်အငိုက်ခံရပြီး အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ် မောင်းနှင်သွားရာ သာယာကုန်းရွာအနီးတွင် ကလေး PDFက ထပ်မံ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြန်သည်။ ထိုသို့တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟုဖော်ပြထားသည်။

◼︎ တတိယအကြိမ်တိုက်ခိုက်ခြင်း

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စည်သာရွာအနီးတွင်အင်အားစုစည်း၍ ကား ခြောက်စီးဖြင့် ထွက်ခွာလာရာ နံနက် ၁၁ နာရီခန့်တွင် ပန်းမွန်ချောင်းတံတားနှင့် အောင်ချမ်းသာရွာကြား တစ်နေရာတွင် ကလေးPDFနှင့် ချင်းCNDFက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။ကားတစ်စီး စုတ်ပြတ်သွားသည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်း ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုသုံးကြိမ်စလုံးတွင် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ကလေးPDF (People’s Defence Force(Kalay)ကသတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့်ကာလအတွင်း ကလေး-ဂန့်ဂေါ၊ ကလေး-တမူးလမ်းပိုင်းများတွင် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း အသိပေးတိုက်တွန်းထားသည်။

ကလေးPDFသည် စစ်ကောင်စီအား ခုခံစစ်ဆင်နွှဲရာတွင် အောင်မြင်မှုများ ရနေပြီး လူထုဆီမှ အားပေးထောက်ပံ့မှုများလည်း ရရှိနေသည်ဟု ကလေးမြို့ခံများကပြောသည်။ဒေသတွင်း စစ်ကောင်စီလှုပ်ရှားမှုသတင်းများကိုအတိအကျ စုစည်းရယူနိုင်သည်ဟု ကလေးPDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook