Connect with us

Hi, what are you looking for?

LuduNwayOo

News

NLD အမတ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိ၍ အသက် ၉၀ကျော်မိခင်နှင့် သမီးဖြစ်သူကို စစ်ကောင်စီဖမ်းဆီး

အသက် ၉၀ ကျော်အရွယ် ဦးမျိုးဝင်း၏ မိခင်သည် ကျန်းမာရေးမကောင်း၍ နေအိမ်၌ ဆေးကုနေရသူ ဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မွန်ပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိ၍ အသက် ၉၀ ကျော်အရွယ် မိခင်ဖြစ်သူနှင့်သမီးဖြစ်သူကို အောက်တိုဘာ ၂ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဦးမျိုးဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး NLD ပါတီဝင်များနှင့် အမတ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနေခြင်းကြောင့် ဦးမျိုးဝင်းသည် တိမ်းရှောင်နေရာ အောက်တိုဘာ ၂ရက်တွင် စစ်ကောင်စီတပ်များက ဦးမျိုးဝင်း၏ ဇနီးကို ကနဦး ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဇနီးဖြစ်သူကို နေအိမ်သို့ ပြန်လာပို့ကာ ဦးမျိုးဝင်း၏ မိခင်နှင့် သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဦးမျိုးဝင်းက Than Lwin Times သတင်းဌာနကို ပြောဆိုထားသည်။

အသက် ၉၀ ကျော်အရွယ် ဦးမျိုးဝင်း၏ မိခင်သည် ကျန်းမာရေးမကောင်း၍ နေအိမ်၌ ဆေးကုနေရသူ ဖြစ်သည်ဟု ဆိုသည်။

“အမေ၊ သမီး၊ ဇနီး တောင်းပန်ပါတယ်ဆိုတာက လွဲပြီး လောလောဆယ် ဘာမှ ပြောဘို့ အင်အားမရှိ။ အမေ့ကို အဝေးကနေပဲ ကန်တော့လိုက်ပါတယ်။ ဒီနေ့အထိ ကျွန်တော်လူတဖက်သားနဲ့ ဘာတခုကိုမှ ထိခိုက်ပျက်စီးအောင် မလုပ်ခဲ့တာ သစ္စာဆိုဝံ့ပါတယ်။ ကျွန်တော့် လက်ရှိနေရာကနေ လက်လှမ်းလို့ လဲမမှီ၊ ပြန်လာလို့လဲ မလွယ်တဲ့ အခြေအနေအောက် ရေးမှာ ဘာပဲဖြစ်ဖြစ် သံဖြူဇရပ်မှာ ဘာပဲဖြစ်ဖြစ် ပေ့ချ်တွေက ဘာတင်တင် အပြစ်သားက ကျွန်တော် အထင်ခံနေရပါရောလား၊ ကျွန်တော့်ကိုယ်စား မိသားစုက ဒီဒဏ်ကို ခံနေရတာ ရင်နာရပါတယ်။ ခွင့်လွှတ်ပါလို့ပဲ ထပ်မံတောင်းပန်ရင်း” ဟု ဦးမျိုးဝင်းက ရေးသားကာ ၎င်း၏ မိခင်နှင့် သမီးဖမ်းဆီးခံထားရသည့် သတင်းကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဦးမျိုးဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ မွန်ပြည်နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

Public Service Announcement

စစ်ကောင်စီတပ်သည် NLD ပါတီဝင်များ၊ လွှတ်တော်အမတ်များ၊ အမတ်ဟောင်းများ ကို ပစ်မှတ်ထား ဖမ်းဆီးမှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဦးမျိုးဝင်းကဲ့သို့ပင် ဖမ်းမမိသူများ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ အမှုဖွင့်အရေးယူခြင်းများကို စစ်ကောင်စီတပ်က ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။