Connect with us

Hi, what are you looking for?

News

NLD အမတ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိ၍ အသက် ၉၀ကျော်မိခင်နှင့် သမီးဖြစ်သူကို စစ်ကောင်စီဖမ်းဆီး

အသက် ၉၀ ကျော်အရွယ် ဦးမျိုးဝင်း၏ မိခင်သည် ကျန်းမာရေးမကောင်း၍ နေအိမ်၌ ဆေးကုနေရသူ ဖြစ်သည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ မွန်ပြည်နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဟောင်းဦးမျိုးဝင်းကို ဖမ်းမမိ၍ အသက် ၉၀ ကျော်အရွယ် မိခင်ဖြစ်သူနှင့်သမီးဖြစ်သူကို အောက်တိုဘာ ၂ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဦးမျိုးဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ အသိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီး NLD ပါတီဝင်များနှင့် အမတ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးနေခြင်းကြောင့် ဦးမျိုးဝင်းသည် တိမ်းရှောင်နေရာ အောက်တိုဘာ ၂ရက်တွင် စစ်ကောင်စီတပ်များက ဦးမျိုးဝင်း၏ ဇနီးကို ကနဦး ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဇနီးဖြစ်သူကို နေအိမ်သို့ ပြန်လာပို့ကာ ဦးမျိုးဝင်း၏ မိခင်နှင့် သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဦးမျိုးဝင်းက Than Lwin Times သတင်းဌာနကို ပြောဆိုထားသည်။

အသက် ၉၀ ကျော်အရွယ် ဦးမျိုးဝင်း၏ မိခင်သည် ကျန်းမာရေးမကောင်း၍ နေအိမ်၌ ဆေးကုနေရသူ ဖြစ်သည်ဟု ဆိုသည်။

“အမေ၊ သမီး၊ ဇနီး တောင်းပန်ပါတယ်ဆိုတာက လွဲပြီး လောလောဆယ် ဘာမှ ပြောဘို့ အင်အားမရှိ။ အမေ့ကို အဝေးကနေပဲ ကန်တော့လိုက်ပါတယ်။ ဒီနေ့အထိ ကျွန်တော်လူတဖက်သားနဲ့ ဘာတခုကိုမှ ထိခိုက်ပျက်စီးအောင် မလုပ်ခဲ့တာ သစ္စာဆိုဝံ့ပါတယ်။ ကျွန်တော့် လက်ရှိနေရာကနေ လက်လှမ်းလို့ လဲမမှီ၊ ပြန်လာလို့လဲ မလွယ်တဲ့ အခြေအနေအောက် ရေးမှာ ဘာပဲဖြစ်ဖြစ် သံဖြူဇရပ်မှာ ဘာပဲဖြစ်ဖြစ် ပေ့ချ်တွေက ဘာတင်တင် အပြစ်သားက ကျွန်တော် အထင်ခံနေရပါရောလား၊ ကျွန်တော့်ကိုယ်စား မိသားစုက ဒီဒဏ်ကို ခံနေရတာ ရင်နာရပါတယ်။ ခွင့်လွှတ်ပါလို့ပဲ ထပ်မံတောင်းပန်ရင်း” ဟု ဦးမျိုးဝင်းက ရေးသားကာ ၎င်း၏ မိခင်နှင့် သမီးဖမ်းဆီးခံထားရသည့် သတင်းကို ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဦးမျိုးဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ မွန်ပြည်နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

Public Service Announcement

စစ်ကောင်စီတပ်သည် NLD ပါတီဝင်များ၊ လွှတ်တော်အမတ်များ၊ အမတ်ဟောင်းများ ကို ပစ်မှတ်ထား ဖမ်းဆီးမှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဦးမျိုးဝင်းကဲ့သို့ပင် ဖမ်းမမိသူများ၏ မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ အမှုဖွင့်အရေးယူခြင်းများကို စစ်ကောင်စီတပ်က ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။