Connect with us

Hi, what are you looking for?

News

ပုလဲတွင် စစ်ကောင်စီတပ် တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခံရ ၆၀ ကျော်သေ

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ PRAက သတင်းထုတ်ပြန်ရာ အောက်တိုဘာ ၃ရက် နံနက်ပိုင်းက တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၆၁ဦးသေဆုံးသည်ဟု ဖော်ပြသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသခံပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆၀ကျော်သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်ဟု PRAနှင့် ဒေသခံတို့က ပြောသည်။

ပုလဲမြို့နယ်ကို ဖြတ်သန်းလာသည့် တင့်ကားပါ စစ်ယာဉ်တန်းကို ပုလဲ PDFနှင့် PRA ပူးပေါင်းအဖွဲ့က ဝမ်းပြင်ကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။ ထို့ပြင် ပုလဲမြို့နယ်သို့ တပ်ကူလာသည့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောမြို့မှ စစ်ကောင်စီယာဉ်တန်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်း ကဆိုသည်။

“ ပုလဲကနေ ဂန့်ဂေါလမ်းရှိတယ်။ မုံရွာ- ပုလဲ- ဂန့်ဂေါပေါ့။ အဲဒီ ကျောကတော့ ဂန့်ဂေါမြို့နယ်ထဲမှာ ပါတဲ့ စခန်းစိုက်တဲ့ နေရာပေါ့။ ကျောမြို့နယ်ခွဲအဖြစ်လည်း သတ်မှတ်ခဲ့ဖူးတယ်။ ပုလဲနဲ့ ကျောနဲ့က တစ်ဆက်တစ်စပ်တည်းပေါ့။ ပုလဲကနေ လာရင် ပုံတောင် – ပုံညာကို ကျော်ပြီးမှ ကျောကို ရောက်တာ။ လမ်းကြောင်းတွေက တစ်ဆက်တစ်စပ်တည်း”ဟု ဒေသခံ တစ်ဦးက လတ်တလော တိုက်ပွဲဖြစ်နေသည့် စစ်ကိုင်းနှင့် မကွေးအစပ်ဒေသ အခြေအနေကို ပြောပြသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ PRAက သတင်းထုတ်ပြန်ရာ အောက်တိုဘာ ၃ရက် နံနက်ပိုင်းက တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၆၁ဦးသေဆုံးသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ် နဂါးမတောင် တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ဦး သေဆုံးပြီး နတ်ထိပ်(ပုံတောင်)တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၈ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ အမြောက်အများ ဒဏ်ရာရခဲ့ကြောင်း PRAက ထုတ်ပြန်သည်။ PRA ဘက်မှ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြည်သူများ၏ ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာခဲ့သည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း ဒေသတစ်ခုတည်းတွင် တစ်ရက်တည်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ၆၀ကျော်သေဆုံးခြင်းမှာသေဆုံးမှု
အများဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook