Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ကြီးများနိုဝင်ဘာ ၁၄ မတိုင်ခင်နှုတ်ထွက်ကြရန် မတ္တရာPDF သတိပေး

မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFသည် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီသတင်းပေးနေအိမ်အချို့အား ပူးပေါင်းအဖွဲ့နှင့်အတူ သတင်းပေးလုပ်ရပ်များအားရပ်တန်းကရပ်ရန်ပထမအကြိမ်လက်လုပ်များဖြင့် ဗုံးခွဲသတိပေးခဲ့သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အာဏာလုစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများအား လာမည့် နိုဝင်ဘာလ ၁၄ရက်နေ့ နောက်ဆုံးထားနူတ်ထွက်ရန် မတ္တရာ PDFက ကျည်ဆံများပြကာ သတိပေးခဲ့သည်။

မတ္တရာမြို့ နှင့်မြို့နယ်ကျေးရွာအုပ်စုအတွင်းအကြမ်းဖက် စစ်ကောင်စီ မှခန့်ထားသောအကြမ်းဖက် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားထောက်တိုင်ဖြစ်သော ကျေးရွာ/ရပ်ကွပ် အုပ်ချုပ်ရေးမှုးများ နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထားနူတ်ထွက်ပေးရန်နှင့် သက်မှတ်ရက်ကျော်လွန်ပါက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အား (MDF)မှအာမခံမည်မဟုတ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးကြောင်း မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFမှ အသိပေးသည်။

မတ္တရာ ကာကွယ်တပ်ဖွဲ့အင်အားစုMDFသည် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့က စစ်ကောင်စီသတင်းပေးနေအိမ်အချို့အား ပူးပေါင်းအဖွဲ့နှင့်အတူ သတင်းပေးလုပ်ရပ်များအားရပ်တန်းကရပ်ရန်ပထမအကြိမ်လက်လုပ်များဖြင့် ဗုံးခွဲသတိပေးခဲ့သည်။

စက်တင်ဘာလ (၁၅)ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရှမ်းတောကျေးရွာအနီးနှင့် ငါးလုံးပြွန်ကျေးရွာအနီးတို့ရှိ မိုင်တဲတာဝါတိုင်များအား မီးရှို့ဖောက်ခွဲ ဖျက်စီးခဲ့သည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးတပ်ဖွဲ့အင်အားစု MDF သည် မကြာမှီအချိန်တွင်း လှုပ်ရှားမှုများကို တရစပ်ပြုလုပ်တော့မည်ဖြစ်ပါသဖြင့် မိဘပြည်သူများလိမ္မာပါးနပ်စွာ ပါ၀င်ကူညီကြရန် MDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။