သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်း "(သေနတ်ဖြင့်)လေးချက် ပစ်ခတ်ခဲ့ပါတယ်။ မော်ကျွန်း (၁၂)လမ်းက ဆာဝါဒီလက်ဘက်ရည်ဆိုင်ထဲမှာပါ"ဟု ဧရာဝတီလင်းပိုင် PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 5, 2022
သတင်း ပုလောမြို့နယ်တွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက် "လူကိုပဲ ထိတာ။ ကားကတော့ နည်းနည်းပဲထိတယ်။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာရှိပေမယ့် အပြန်အလှန် ပစ်ခတ်တာမရှိခဲ့ဘူး"ဟု မြိတ်ခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoစက်တင်ဘာ 30, 2022
သတင်း ခင်ဦးအခြေစိုက် ဒရုန်းအဖွဲ့ (၇)ဖွဲ့ ရန်ပုံငွေနည်းလာ၍ စစ်ဆင်ရေးယာယီရပ်နားမည်ဟုပြော အဆိုပါဒရုန်းတပ်ဖွဲ့များသည် စက်တင်ဘာအတွင်း၌ပင် ရွှေဘိုနှင့်ခင်ဦးမြို့နယ်များရှိ စစ်ကောင်စီတပ်နှင့်ပျူ တပ်စွဲရာကျေးရွာများ၊ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ဆေးရေးဂိတ်များအား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoစက်တင်ဘာ 29, 2022
သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေ "အဆိုပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သည်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း(၁)က ဖော်ပြသည်။ LuduNwayOoစက်တင်ဘာ 26, 2022
သတင်း ပေါက်ခေါင်းမြို့နယ် လဝကရုံးနှင့် စည်ပင်ရုံးတို့ကို PLF ဖောက်ခွဲတိုက်ခိုက်၊ မြို့ပြစစ်ဆင်ရေး စတင်ခြင်းဟု အသိပေး ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoစက်တင်ဘာ 26, 2022
သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် "စစ်ဆင်ရေးဆင်နွဲသည့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့များက ထိခိုက်မှုမရှိ ပြန်လည် ခွာစစ်ဆင်နိုင်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စကစ ထိခိုက်သေဆုံးမှုကိုမူ အတည် ပြု၍ မရနိုင်သေးပေ"ဟု တနင်္သာရီစစ်ဒေသခွဲက အသိပေးသည်။ LuduNwayOoစက်တင်ဘာ 26, 2022
သတင်း ကျဆုံးခဲ့သည့် ဗိုလ်အောင်မြေအတွက် သွေးကြွေး ဆပ်သည့်အနေဖြင့် အောင်မြေစစ်ဆင်ရေး မန္တလေးမြို့အနှံ့ပြုလုပ်မည် အောင်မြေစစ်ဆင်ရေးကို စက်တင်ဘာ ၂၄ ရက်မှ စတင်ပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးပြီးချိန်အထိ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။ LuduNwayOoစက်တင်ဘာ 25, 2022
သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် တိုက်ခိုက်မှုများကို ယမန်နေ့ည ၉ နာရီ ၅၅ ခန့်က ကျောက်တံခါးမြို့ ကွင်းမြောက်ရပ်ကွက် ဇရပ်ကုန်း ထရမ်စဖော်မာအနီးတွင် ဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့ရာ စစ်ဆေးရန် စစ်သားများရောက်လာချိန် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoစက်တင်ဘာ 21, 2022
သတင်း “နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် ပုလောကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက် "သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်"ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoစက်တင်ဘာ 17, 2022
သတင်း ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးကို PPDF ပစ်ခတ်ရှင်းလင်း ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 15, 2022