Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်ခေါင်းမြို့နယ် လဝကရုံးနှင့် စည်ပင်ရုံးတို့ကို PLF ဖောက်ခွဲတိုက်ခိုက်၊ မြို့ပြစစ်ဆင်ရေး စတင်ခြင်းဟု အသိပေး

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပဲခူးတိုင်း အနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံ(လဝက)နှင့် စည်ပင်သာယာရေးကော်မတီ(စည်ပင်)ရုံးတို့ကို မြို့ပြစစ်ဆက်ရေး စတင်ခြင်းအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု(PLF)က ထုတ်ပြန်သည်။

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုသို့ပြုလုပ်ရသည့်အကြောင်းအရင်းမှာလည်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု (PLF)အနေဖြင့် မြို့ ပြစစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်ကြောင်း စတင်အသိပေးလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ်ခဲ့သည့် နောက်ဆက်တွဲ ထိခိုက်သေဆုံးစာ ရင်းအားလည်း စုံစမ်းဆဲဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်များမှာလည်း အထိအခိုက်မရှိ ပြန်လည်ရောက်ရှိပြီး ဖြစ်ပါ သည်”ဟု အသိပေးသည်။

ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု (PLF)အနေဖြင့် စစ်ကောင်စီထောက်တိုင်များဖြစ်သော ရုံးဌာနများအား မြို့ပြစစ်ဆင်ရေးဖြစ်သော ကျောက်ခဲဟင်းချိုစစ် ဆင်ရေးအား အသက်သွင်းတော့မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။