သတင်း နမ့်ဆန်ရှိ TNLAတပ်စခန်းကို စစ်ကောင်စီတပ်လေကြောင်းမှ အင်အားများချပြီး ထိုးစစ်ဆင်၍ တိုက်ပွဲစတင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အလွန်နည်းပါးခဲ့သည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဒီဇင်ဘာ 7, 2022
သတင်း ချင်းရွှေဟော်ဒေသ စစ်ကောင်စီ ထိုးစစ်ပြန်ရပ်၍တိုက်ပွဲငြိမ်နေသော်လည်း စစ်ရေးတင်းမာနေ လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 7, 2022
သတင်း မြောင်တွင် ရွာမီးရှို့ဖျက်ဆီးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ် များသည် မြောင်နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများအား မကြာခဏ မီးရှို့ဖျက်ဆီးလေ့ရှိသည်။ LuduNwayOoဒီဇင်ဘာ 7, 2022
သတင်း ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ် တပ်စခန်း ၃ ခုထက်မနည်းကို KNU တပ်မဟာ(၅) တိုက်ခိုက် ညာတခိုကျိုးတပ်စခန်း သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြီး KNU ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်ဟုKNU သတင်းရင်းမြစ်ကပြောသည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း ဒေါက်တာခလမ်ဆမ်ဆွန် ကျန်းမာစွာရှိနေပြီး မေးမြန်းရန်ရှိ၍ခေါ်ထားခြင်းဟု စစ်ကောင်စီက KBC တာဝန်ရှိသူများအား ခေါ်ယူပြောကြား ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိ KBC၏ အကြံပေး တာဝန်ယူထားသူဖြစ်ပြီး ကချင်လူထုအပေါ် ဩဇာရှိသည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း ထားဝယ် – ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ငါးဦးထက်မနည်းသေဟု ဥဩစစ်ကြောင်းပြော ယမန်နေ့(ဒီဇင်ဘာ ၅)ရက်က ထားဝယ်-ထီးခီးလမ်းအ တိုင်း မေတ္တာမြို့ လျှပ်စစ်ဓာတ်အားပေးစစ်ရုံသို့လာသော စစ်ကောင်စီလူကြီးလမ်းကြောင်းလုံခြုံရေးပေးမည့် စစ်ကောင်စီတပ်နှင့် ဥသြစစ်ကြေားတို့ ရမ်းဘလူရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း ဟားခါးရှိ စစ်ကောင်စီတပ်သားသုံးဦး CDF ဆဲန်ထန် ထံ ပူးပေါင်းလာ နိုဝင်ဘာ ၁၁ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာရာ MA1 တစ်လက် ၊ ကျည်များပါလာကြောင်း ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ကလေးငယ်များနှင့်စိတ်ကျန်းမာရေးမကောင်းသူကိုပါ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ ဒီဇင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ခင်ဦးမြို့နယ် တာတိုင်ကျေးရွာနှင့် ရွှေဘိုမြို့နယ်သပွတ္တောကျေးရွာများမှ ဒေသခံများ ဒီပဲယင်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း KNUအုပ်ချုပ်နယ်မြေတွင် နိုဝင်ဘာအတွင်း တိုက်ပွဲ ၃၀၀ခန့်ဖြစ်ပြီး စစ်ကောင်စီနှင့် BGF ၃၀၀ကျော်သေဟု ထုတ်ပြန် တပမဟာ(၁)နယ်မြေတွင်တိုက်ပွဲ ၃၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ၄၄ဦးသေဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 6, 2022
သတင်း ကလေးမြို့မှ လူငယ်နှစ်ဦးကို စစ်ကောင်စီက PDFဟုစွပ်စွဲဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် သတ်ပစ် People's Defence Force (Kalay)မှ လူငယ်ရဲဘော်တစ်ဦးနှင့် အခြားလူငယ်တစ်ဦးတို့ ဒီဇင်ဘာ ၄ရက်က ဆိုင်ကယ်စီးလာစဥ် စစ်ကောင်စီက ဖမ်းဆီးပြီး သတ်လိုက်ခြင်းဖြစ်သည်။ LuduNwayOoဒီဇင်ဘာ 6, 2022