Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကျုးကျော်ဆိုပြီး ရှင်းလင်းတဲ့နေရာတွေကို စစ်ကောင်စီ အုတ်တံတိုင်းခတ်

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

မန္တလေးမှာ ကျုးကျော်ဆိုပြီး ရှင်းလင်းတဲ့နေရာတွေကို စစ်ကောင်စီ အုတ်တံတိုင်းခတ်
မန္တလေးမှာ ကျုးကျော်ဆိုပြီး ရှင်းလင်းတဲ့နေရာတွေကို စစ်ကောင်စီ အုတ်တံတိုင်းခတ်

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက မြေနေရာ အချို့ မှာ ကျုးကျော်ဆိုပြီး ဖယ်ရှားရှင်းလင်းပြီးနောက် စစ်ကောင်စီက အဲဒီနေရာတွေကို အုတ်တံတိုင်းခတ်လိုက်တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ပြည်ကြီးတံခွန်မြို့နယ်ထဲက ၄၉ လမ်း အနောက်ဘက်ခြမ်း ၊ လမ်း ၁၃၀ ဝန်းကျင် ၊ ကံကြီးကုန်းရွာ အပြင်ဘက်က နေအိမ်တွေကို ကျုးကျော်ဆိုပြီး ရှင်းလင်းခံရတာပါ။

လက်ရှိမှာတော့ အဲဒီနေရာတွေကို အုတ်တံတိုင်းခတ်လိုက်ပါတယ်။

ရှင်းလင်းခံရတဲ့မြေနေရာတွေကို အုတ်တံတိုင်းခတ်ပြီး “တာဝန်ရှိသူများမှအပ ဖြတ်သန်းသွားလာခြင်းမပြုရ” ဆိုတဲ့ ဗီနိုင်းတွေ ကပ်ထားတာလည်းတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်တွေဖယ်ပြီးတာနဲ့ ပြန်ဝင်လို့မရအောင် အကွက်ရိုက် အုတ်တံတိုင်းခတ်သွားတာ “လို့ နေအိမ်ဖယ်ရှားခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ အချက်အချာကျတဲ့ အောင်မြေသာစံ၊ချမ်းမြသာစည် ၊ပြည်ကြီးတံခွန်မြို့နယ်တွေထဲက နေရာအချို့ ကို ကျုးကျော်ဆိုပြီး ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုရှင်းလင်းလိုက်တဲ့ နေရာတွေ ကို ဝင်းခတ်ပြီး စစ်အုပ်စုနဲ့နီးစပ်သူတွေက ဝင်ရောက်နေရာယူ ဌားစားတာမျိုးတွေလည်းရှိနေတယ်လို့ဒေသခံတွေက ပြောပြပါတယ်။

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။