Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်၊ လက်လုပ်သေနတ် သိမ်းဆည်းရရှိ

“အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်”ဟု ဖော်ပြသည်။

(သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် ရုံးသုံးပစ္စည်းအချို့အား တွေ့ရစဉ်)
(သိမ်းဆည်းရရှိခဲ့သော လက်နက်နှင့် ရုံးသုံးပစ္စည်းအချို့အား တွေ့ရစဉ်)

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့ သတိပဌာန်ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ‘နန်းထိုက်အောင်’ စစ်ဆင်ရေးအဖြစ် ပစ်ခတ်လိုက်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(ဒီဇင်ဘာ ၈)ထုတ်ပြန်သည်။

ယမန်နေ့ညနေ ၅ နာရီခန့်က သတိပဌာန်ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်လှိုင်ဝင်း(ခ)ကုလားကြီးအား ဗိုလ်ကျောက်ခဲ ဦးဆောင်သော မြို့ပြပျောက်ကြားအဖွဲ့က ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်”ဟု ဖော်ပြသည်။

သေဆုံးသူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံမှ လက်လုပ်သေနတ်အတို တစ်လက်၊ စည်းတံဆိပ်၊ မှတ်ပုံတင်နှင့် အခြားစာရွက်စာတမ်းများ သိမ်းဆည်းရရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေးရဲဘော်များမှာ စစ်ဆင်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အထက်ပါ စစ်ရေးတိုက် ခိုက်မှုနှင့်စပ်လျဥ်းပြီး People’s Springက ပဲခူးတိုင်းစစ်ဒေသခွဲထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook