Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအား နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်စစ်ကြောင်းများ ကျေးရွာများသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပေါက်မြို့နယ် ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်တောင်ပိုင်းဒေသခံများ၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်တောင်ပိုင်းဒေသခံများ၊ဓာတ်ပုံ - CJ)

▪️နေအိမ် ၄၀၀ကျော် မီးလောင်ဆုံးရှုံးပြီး ဒေသခံသုံးဦး အသတ်ခံရ

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာတွေကို နှစ်ရက်ဆက် မီးလိုက်ရှို့၍ နေအိမ် ၄၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၇)နံနက်ပိုင်းက ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပါ အင်အား (၁၀၀)ခန့်ရှိ စစ်ကြောင်းသည် ပေါက်နယ်တောင်ပိုင်း ကျသိုက်ကျေးရွာအား ယင်းနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်တောင်ပိုင်းဒေသခံများ၊ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်တောင်ပိုင်းဒေသခံများ၊ဓာတ်ပုံ – CJ)

ထို့နောက် ယမန်နေ့ည ၈ နာရီခန့်က ကျသိုက်ရွာမှ တဆင့် လက်လန်းရွာသို့ရောက်ရှိလာပြီး ဒေသခံများ​၏ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားရာ ဒေသခံပြည်သူများ ညတွင်းချင်း ဘေးလွတ်ရာထွက်ပြေးကြရကြောင်း သတင်းရင်းမြစ်များက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နယ်မြေခံပျူစောထီး ကျေး ရွာများနဲ့ ပေါက်မြို့သွားရာ လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေတာပါ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းအပြင် ကျသိုက်ကျေးရွာမှ အသက် (၄၀)ခန့်အရွယ် အမျိုးသားနှစ်ဦးနှင့် သရဖီကျေးရွာမှ အသက် (၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်သွားသည်ဟု အထက်ပါဒေသခံသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့နံနက် ၈ နာရီခန့်က သရဖီကျေးရွာနှင့် ရွာသာအေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းအထိ မီးဆက်ရှို့နေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများ ကျေးရွာများသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပေါက်မြို့နယ် ကျေးရွာ (၁၅)ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook