သတင်း နတ္တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသောစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်သုံးဦးသေ၊ အများအပြားဒဏ်ရာရ အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ကြက်မနက်ရွာ၌တပ်စွဲထားစဥ် ဇူလိုင် ၂၃ ရက်နေ့လည်ပိုင်းက တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ LuduNwayOoဇူလိုင် 26, 2022
သတင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးမကျန် အပြစ်ပေးနိုင်ရေး စနစ်တကျတုံ့ပြန်မည်ဟု NUG ထုတ်ပြန် အကြမ်းဖက်စစ်တပ်ကို အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်ကြောင်း သတိပေးသည်။ LuduNwayOoဇူလိုင် 26, 2022
သတင်း နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 26, 2022
သတင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်နည်းသေဟု PDF ပြော ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း ကွတ်ခိုင်မြို့နယ်တွင်KIA နှင့်စစ်ကောင်စီတပ်တိုက်ပွဲတစ်နေကုန်ဖြစ်နေ "လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်"ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း မတရားသေဒဏ်ချမှတ်ခံရသူများကို ပြစ်ဒဏ်စီရင်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ANPထုတ်ပြန် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေအရ ယုံကြည်ရာကို လုပ်ဆောင်နေကြသည့် နိုင်ငံရေးသမားများ ဖြစ်သည်ဟု ANPက ဆိုသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း မိုင်းရှုးမြို့နယ်ရှိ SSPPတပ်စခန်းသုံးခုရှိရာ ဒေသသို့ဦးတည်ပြီး စစ်ကောင်စီအင်အားများ ဖြည့်တင်းနေ အဆိုပါ စစ်ဆင်ရေးဂွင်သို့ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများပါ စစ်ဆင်ရေးဂွင်အတွင်း ရောက်ရှိနေသည်ဟု SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း စစ်ကောင်စီယန္တရားလည်ပတ်ဖို့ ကူညီနေသောထောက်တိုင်များအား တိုက်ခိုက်မည့် ‘နတ်မျက်စိ’ စစ်ဆင်ရေးစတင်ပြီဟု ရန်ကုန် UGအဖွဲ့ သတိပေး God's Hand Forces ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းများတွင် မြောက်ဒဂုံ ကြည်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မရမ်းကုန်း Ocean စင်တာ မီးပွိုင့်ရှိ ယာဥ်ထိန်းရုံးကို ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။ LuduNwayOoဇူလိုင် 25, 2022
သတင်း မန္တလေး စိန်ပန်း ရပ်ကွက်ကို ပိတ်ဆို့စစ်ဆေးချိန် လက်နက်နဲ့ခဲယမ်းမိတယ်လို့စစ်ကောင်စီသတင်းဖြန့် မနေ့က ညနေပိုင်းမှာ ပိတ်ဆို့စစ်ဆေးနေချိန် ကမ်းနားလမ်း ၊ဝေါဝိန်ဆိပ်ကမ်း အနီး မှာ ဆိုင်ကယ်စီးလာတဲ့ လူ နှစ်ဦးကို စစ်ဆေးချိန်မှာ တစ်ဦးက ထွက်ပြေးသွားပြီး ကျန်တစ်ဦး ကို မိခဲ့တယ်လို့စစ်ကောင်စီရဲ့ သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။ LuduNwayOoဇူလိုင် 25, 2022
သတင်း မတူပီမြို့ လေမျိုချောင်းတံတားအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ငါးဦးသေ၊ လေးဦး ဒဏ်ရာရဟု CDF ထုတ်ပြန် “စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 25, 2022