Connect with us

Hi, what are you looking for?

သတင်း

နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။

နေရာမရွေးတရားမဲ့သတ်ဖြတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ပြင်းထန်သောတုန့်ပြန်မှုများ ပြုလုပ်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇူလိုင် ၂၅ ရက်) သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီမှ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျသော်အပါအဝင် ဒီမိုကရေစီအရေးလှုပ် ရှားသူ (၄)ဦးအား မတရား သေဒဏ်ပေးကွပ်မျက်မှု နှင့်စပ်လျင်း၍ အထက်ပါအတိုင်း KNDF က ကြေညာသည်။

နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို  ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး
နေရာမရွေး တရားမဲ့သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ပြင်းထန်သော တုန့်ပြန်မှုများပြုလုပ်မည်ဟု KNDF သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇူလိုင်၂၄ ရက်တွင် ဒီမိုကရေစီအရေး တပ်ကြွလှုပ်ရှားသူ များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အား မတရား သေဒဏ်စီရင် ပြီးကြောင်း ကြေညာခဲ့သည်ဟု KNDF က ဆိုသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင်သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုနှင့်၊ လူသားမျိုးနွယ်များအပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြင့်သဖြင့် KNDF က ပြင်းထန်စွာကန့်ကွက်ရှုပ်ချကြောင် အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။

သို့သော်အကြမ်းဖက်စစ်ကောင်စီသည်ယခုကဲ့သို့ စစ်မြပြင်တွင်သာမကာ နေရာမရွေး တရားမဲ့ သတ်ဖြတ်မှုများကို ကျူးလွန်သဖြင့်ပြင်းထန်သော တုန့်ပြန်မှုများဖြင့် စစ်ကောင်စီတပ်များ အမြစ်ပြတ်သည်အထိချေမှုန်း တိုက်ခိုက်သွားမည်ဟု KNDF က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။