Connect with us

Hi, what are you looking for?

သတင်း

မတူပီမြို့ လေမျိုချောင်းတံတားအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ငါးဦးသေ၊ လေးဦး ဒဏ်ရာရဟု CDF ထုတ်ပြန်

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - Chinland Defense Force - Matupi
ဓာတ်ပုံ - Chinland Defense Force - Matupi

ချင်းပြည်နယ် မတူပီမြို့ လေမျိုချောင်းတံ တားအနီးတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ငါးဦးသေ ဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့စည်ဟု CDF(မတူပီ)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲသည် ယနေ့(ဇူလှိုင် ၂၅ ရက်) နံနက် ၁၁နာရီခန့်တွင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး CDF(မတူပီ)ဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ဖော်ပြသည်။

CDF(မတူပီ) လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သေး သည်ဟုလည်း ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ထို့အတူ စစ်ကောင်စီတပ်နှင့် ရဲန်ခဲန်းကျေးရွာ- အမ်းလိုင်းကျေးရွာကြားတွင် လည်း ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည်ဟု CDF(မတူပီ)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း မတူပီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ရေးအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်တို့ကြား ဇူလိုင် ၆ ရက်ကတ ည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။