Connect with us

Hi, what are you looking for?

သတင်း

မိုင်းရှုးမြို့နယ်ရှိ SSPPတပ်စခန်းသုံးခုရှိရာ ဒေသသို့ဦးတည်ပြီး စစ်ကောင်စီအင်အားများ ဖြည့်တင်းနေ

အဆိုပါ စစ်ဆင်ရေးဂွင်သို့ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများပါ စစ်ဆင်ရေးဂွင်အတွင်း ရောက်ရှိနေသည်ဟု SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။

(SSPP/SSAမှ တပ်သားများအား တွေ့ရစဥ်)
(SSPP/SSAမှ တပ်သားများအား တွေ့ရစဥ်)

▪️စစ်တိုင်းသုံးခုမှ စစ်ကောင်စီတိုင်းမှူးများ စစ်ဆင်ရေးဂွင်အတွင်းရောက်နေသကဲ့သို့ SSPPကလည်း ရှမ်းပြည်အနှံ့ရှိ တပ်အားလုံးအသင့်ပြင်ထား

▪️စစ်ကောင်စီနောက်တန်းဌာနချုပ်များကိုတိုက်ခိုက်သွားနိုင်ချေရှိ၍ ပြည်သူများသတိထားရန် အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်း သုံးခုရှိရာဒေသသို့ စစ်ကောင်စီတပ်က ယနေ့တွင် စစ်အင်အားများ ဖြည့်တင်းနေ၍ တိုက်ပွဲစတင်တော့မည်ဖြစ်ကြောင်း SSPP ဗဟိုအုပ်ချုပ်ရေး ကော်မတီနှင့် နီးစပ်သည့် မိုင်းရှူးဒေသခံက ပြောသည်။

မိုင်းရှူးမြို့ မြောက်ဘက်ရှိ လွယ်နိုင်းဒေသတွင် တပ်စွဲထားသည့် SSPP/SSA တပ်စခန်း သုံးခုကို ဇူလိုင် ၂၁ ရက် နောက်ဆုံးထား၍ တပ်ဆုတ်ပေးရန် အာဏာသိမ်းစစ်ကောင်စီတပ်က တောင်းဆိုထားရာ အဆိုပါတောင်းဆိုချက်ကို လိုက်လျောမည်မဟုတ်ကြောင်း SSPP/SSAက ထုတ်ပြန်ထားသည်။

(SSPP/SSAမှ တပ်သားများအား တွေ့ရစဥ်)

အဆိုပါ ဒေသသို့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၂၅ရက် နံနက် ၇နာရီတွင် ခလရ ( ၁၅၀)တပ်ရင်းဌာနချုပ် မိုင်းစံမှ စစ်ကားကြီး စစ်အင်အားအပြည့် မိုင်းရှုးသို လည်းကောင်း၊ နံနက် ၉နာရီတွင် ကွန်ဟိန်းမှ စစ်ကားကြီး(၆)စီး စစ်အင်အားအပြည့် ကာလိ-မိုင်းစံသိုလည်းကောင်း၊ နေ့လည် ၁၂နာရီတွင် ကွန်ဟိန်း-ကာလိ-မိုင်းစံ-မိုင်းရှုးသို စစ်ကားဖိုးဝီး(၁၁)စီး စစ်အင်အားအပြည့်ဖြင့် အင်အားဖြည့်ထားကြောင်း SSPP/SSA ဗဟို အုပ်ချုပ်ရေး ကော်မတီနှင့် နီးစပ်သူက ပြောပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များသည် မိုင်းရှုးမြိုနယ် လွယ်နိုင်း-ဝမ်လွယ် SSPP/SSA တပ်စခန်း သုံးနေရာသို့ အင်အားဖြည့်မည်ဟုသိရကြောင်း၊ မိုင်းရယ် ခလရ(၂၂)မှ စစ်ကားကြီး(၄)စီး တန့်ယန်းဘက်သို့ ထွက်သွားပြီး တန့်ယန်းဘက်မှလည်း လွယ်နိုင်းဘက်သို့ စစ်အင်အား ထပ်မံ ဖြည့်တင်းရန် သတင်းရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

(SSPP/SSAမှ တပ်သားများအား တွေ့ရစဥ်)
(SSPP/SSAမှ တပ်သားများအား တွေ့ရစဥ်)

အဆိုပါ စစ်ဆင်ရေးဂွင်သို့ တြိဂံတိုင်း စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများပါ စစ်ဆင်ရေးဂွင်အတွင်း ရောက်ရှိနေသည်ဟု SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။

အလားတူ SSPP ဘက်ကလည်း ရှမ်းပြည်အနှံ့ရှိ တပ်အားလုံး အသင့်ပြင်ထားရန် အမိန့်ပေးထား သည့်အပြင် မြေပြင်သတင်းများအရ စစ်ကောင်စီ၏နောက်တန်းဌာနချုပ်များအထိ တိုက်ခိုက် သွားနိုင်ချေရှိကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ ဌာနချုပ်စခန်းများ အနီးနေထိုင် သော ပြည်သူများအနေဖြင့်သတိဝိရိယဖြင့် နေထိုင်သွားလာရန် လိုအပ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ လှုပ်ရှားသွားလာမှုများကို နီးစပ်ရာ SSPP/SSA အုပ်ချုပ်ရေးအဖွဲ့များမှတဆင့် သတင်းပေးပို့ကြရန်လည်း တောင်းဆိုထားသည်ဟု ဆိုသည်။

မတိုက်မဖြစ် တိုက်ရတော့မည့်အပြင် နေရာအနှံ့တိုက်ပွဲဖော်ဆောင်သွားနိုင်၍ ပြည်သူများကြုံ တွေ့ လာရနိုင်သည့်အခက်အခဲများကို အတူရင်ဆိုင်ပြီးဝိုင်းဝန်းဖြေရှင်းသွားမည်ဟု SSPP ဘက်က သတင်းစကားပါးထားကြောင်း SSPP ဗဟိုအုပ်ချုပ်ရေးကော်မတီနှင့် နီးစပ်သူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ