Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်နည်းသေဟု PDF ပြော

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

ဓာတ်ပုံ - MBPDF
ဓာတ်ပုံ - MBPDF

ယာဥ်အစီးရေ (၂၁)ဖြင့် အင်အား ၃၀၀ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းနှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၂၅ ရက်) နေ့လည် ၁နာရီခန့်တွင် မိုးဗြဲမြို့ အတွင်းသို့ စတင်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ညနေ (၅)နာရီဝန်းကျင်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ စတင်ခဲ့သည်ဟု ဆိုသည်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁ ၊တပ်ရင်း ၂)၊ Loikaw PDF နှင့် URF အဖွဲ့တို့ ပူးပေါင်း ခုခံခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အဆမတန် အသုံးပြုခဲ့ သောကြောင့် အရပ်သားနေ အိမ်များထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်များရှိရာ ဘုန်းတော်ကြီး ကျောင်းအချို့တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ဖျက်အားပြင်း လက်နက်ကြီးများကြောင့် စစ်ဘေးရှောင် အရပ်သားအမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးထိခိုက်‌ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွား ခဲ့ရသည်။

ထို့ကြောင့် ယနေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး များစွာ အသုံးပြုခဲ့ပြီး အရပ်သားစစ်ဘေးရှောင်နေရာများပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MBPDF က အသိပေးသည်။

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် အကြမ်းဖက်စစ်ကောင်စီက ယခုလ တတိယ ပတ်ကစ၍ ကြိုးပမ်းနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထား သည်။

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရ ထောက်ပို့ နိုင်ရန် မိုးဗြဲ မြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ် များက သုံးသပ်သည်။

ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook