သတင်း စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်ဘက်သို့ ဦးတည်လာနိုင်၍ ပြည်သူများသတိဖြင့်နေကြရန် မင်းတပ် CDFမေတ္တာရပ်ခံ စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇွန် 25, 2022
သတင်း ရေစကြိုမြို့နယ် တောင်ဦးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်၍ ရွာသူ၊ရွာသားများထွက်ပြေးတိမ်းရှောင်နေရ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။ LuduNwayOoဇွန် 25, 2022
သတင်း စစ်ကောင်စီ လက်နက်ကြီးမှန်လို့ ကျောင်းဆရာမနဲ့ ကလေးငယ်တစ်ဦးသေဆုံး "နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ LuduNwayOoဇွန် 25, 2022
သတင်း ဘီးလင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးပစ်ခတ်၍ (၁)နှစ်အရွယ်ကလေးငယ်နှင့်ကျောင်းဆရာမတို့ သားအမိနှစ်ဦး အသက်ဆုံးရှုံးရ "နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ"ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။ LuduNwayOoဇွန် 25, 2022
သတင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရည်ရွယ်ပြီး ဆုတောင်းစာရေးသားတင်သည်ဆိုကာ ရဲတပ်ကြပ်ကြီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး "ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ"ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ LuduNwayOoဇွန် 25, 2022
သတင်း ကျိုက်ထိုမြို့နယ် ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီယာဥ်တန်းကို သထုံခရိုင် တပ်ရင်း(၃) တိုက်ခိုက် ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။ LuduNwayOoဇွန် 25, 2022
သတင်း ချောင်းဦးတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်၍ ဒေသခံသားအမိနှစ်ဦးသေဆုံးပြီးဖခင်ဖြစ်သူဒဏ်ရာရ ကျောင်းရွာရပ်ကွက်ရှိ ပြည်သူနေအိမ်(၄)လုံးလည်းလက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည်။အနောက်မအုပ်ရပ်ကွက်ရှိ နေအိမ်များအနီးကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည် (၂) လုံးကြောင့်လည်း နေအိမ် (၆) လုံး ထိမှန်ခဲ့ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ (၁) ဦး အပါအဝင် ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ LuduNwayOoဇွန် 25, 2022
သတင်း ရေစကြိုတိုက်ပွဲ စစ်ကောင်စီတပ် ၄ဦးသေအများအပြားဒဏ်ရာရ၊ PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး "စခ (၄) ကောင် နေရာတွင်သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။မိမိတို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ထောက်ပို့ရဲဘော်တစ်ဦး ရန်သူ့ကျည်ထိမှန်ကျဆုံးခဲ့ရပါသည်"ဟု ရေစကြို PDF ကယနေ့(ဇွန် ၂၄ )ညတွင်ထုတ်ပြန်သည်။ LuduNwayOoဇွန် 25, 2022
သတင်း တမူးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ၃နာရီကြာ တိုက်ပွဲပြင်းထန် ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းမထုတ်ပြန်မချင်း မြို့ပြင်နှင့် မြို့ရှောင်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 25, 2022
သတင်း ရေဖြူမြို့နယ် နတ်တွင်းရွာမှ စစ်ကောင်စီသတင်းပေး တွဲဖက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရှင်းလင်းခံရ ယနေ့(ဇွန် ၂၄ ရက်) နေ့လည် ၁၁နာရီခန့်တွင် ဦးအောင်သန်းကို ၎င်း၏ နေအိမ်၌ပင်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ Dawei Guerrilla Revolutionary Force နှင့် ပူးပေါင်းရှင်းလင်းခဲ့သည်ဟု ဆို သည်။ LuduNwayOoဇွန် 24, 2022