Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲလက်နက်ကြီးပစ်ခတ်၍ (၁)နှစ်အရွယ်ကလေးငယ်နှင့်ကျောင်းဆရာမတို့ သားအမိနှစ်ဦး အသက်ဆုံးရှုံးရ

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

ဘီးလင်းမြို့
ဘီးလင်းမြို့

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကျောင်းဆရာမတစ်ဦးနှင့် သူမ၏ကလေးငယ်တို့ အသက်ဆုံးရှုံးခဲ့ရကြောင်း KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၃ရက် နေ့လည်ပိုင်းက ဘီးလင်းမြို့နယ်အတွင်း စခန်းချတပ်စွဲထားသော အာဏာသိမ်း စစ်ကောင်စီ တပ်မ (၄၄)လက်အောက်ခံ နတ်ကြီးတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ်ရှိ နော်စန်းစန်းဝင်း(ခ)နော်အေးနှင့် သူမ၏ (၁) နှစ် (၂)လသားအရွယ် ကလေးငယ်တို့ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီး (၃)ချက်ပစ်တယ်၊ ၁နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း (၄)ချက်ပစ်တယ် နောက်ဆုံး (၁)ချက်က ဆရာမအိမ်ဘေးကျပြီးပေါက်ကွဲခဲ့တာ”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆရာမနော်စန်းစန်းဝင်းသည် အစူးချောင်းကျေးရွာတွင်နေထိုင်၍ ဝင်းကတိုက်(ဝါကတယ်) ကျေးရွာတွင် ပညာသင်ကြားပေးနေသော ကျောင်းဆရာမတစ်ဦးဖြစ်သည်ဟု ဆိုသည်။

ယခု စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဉ်သည် နယ်မြေခံ KNUတပ်များနှင့် ထိတွေ့ပစ်ခတ်မှုမရှိပဲ ဒေသခံလူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် လူနေထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။