Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ် ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီယာဥ်တန်းကို သထုံခရိုင် တပ်ရင်း(၃) တိုက်ခိုက်

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

(မွန်ပြည်နယ်အတွင်း ဖြတ်သန်းနေသည့် စစ်ကောင်စီယာဥ်တန်း(ပုံဟောင်း)၊ ဓာတ်ပုံ - KTO)
(မွန်ပြည်နယ်အတွင်း ဖြတ်သန်းနေသည့် စစ်ကောင်စီယာဥ်တန်း(ပုံဟောင်း)၊ ဓာတ်ပုံ - KTO)

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဘုရားလေးလမ်းခွဲကြား၌ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၂၅ ရက်) နံနက် ၉နာရီ မိနစ်၄၀ခန့်က KNU/KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က ပူးပေါင်း၍ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဝေါမြို့နယ်ဘက်မှ ကျိုက်ထိုမြို့သို့ လာသည့် စစ်ကောင်စီယာဥ်တန်းတွင် ပွိုင့်ကား တစ်စီး၊ စစ်ကား နှစ်စီး နှင့် အိမ်စီးကားတစ်စီး ပါဝင်ကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးပူးပေါင်းရေးအဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“သတင်းကြိုရလို့စောင့်တိုက်တာ။ပဒေသာမိုင်း၊ RPG ၊ လက်နက်ကြီးတွေနဲ့ တရဆက် ပစ်လိုက်တာ။ တော်တော်အထိနာမယ်။ သူတို့ကားက နည်းတော့ စိတ်ကြိုက် ပစ်လိုက်ရတယ်။ သူတို့ပြန်ပစ်တော့ ကျွန်တော်တို့ ဆုတ်ခွာလာလိုက်တယ် “ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု မသိရှိရသေးပေ။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များ ‌အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။