Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​မွေး​နေ့ ရည်ရွယ်ပြီး ဆု​တောင်းစာ​ရေးသားတင်သည်ဆိုကာ ရဲတပ်ကြပ်ကြီးတစ်ဦးကို စစ်​ကောင်စီဖမ်းဆီး

“ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ”ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခြင်းခံရ​သော ရဲတပ်ကြပ် သန့်စင်ဦး
ဖမ်းဆီးခြင်းခံရ​သော ရဲတပ်ကြပ် သန့်စင်ဦး

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏မွေးနေ့ ရည်ရွယ်ပြီး ဆု​တောင်းစာကို လူမှုကွန်ရက်​ပေါ်ရေးသားတင်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့မှ ရဲတပ် ကြပ်ကြီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများက ပြောသည်။

ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးသည် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ရက်က ၎င်း၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် “Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ”ဟု အမည်မဖော်ပြပဲ ဆုတောင်းစာရေးခဲ့ပြီးနောက် ဇွန်လ ၂၁ရက်တွင် ဖမ်းဆီးခံရခြင်းဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ဝါဒဖြန့်ချီမှုနှင့် ခြိမ်း​ခြောက်မှုများ၊စိတ်ဓါတ်စစ်ဆင်​ရေးပြုလုပ်​နေ​သော ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်တွင်ခြိမ်း​ခြောက်ထားမှု
စစ်​ကောင်စီ၏ ဝါဒဖြန့်ချီမှုနှင့် ခြိမ်း​ခြောက်မှုများ၊စိတ်ဓါတ်စစ်ဆင်​ရေးပြုလုပ်​နေ​သော ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်တွင်ခြိမ်း​ခြောက်ထားမှု

“ရဲတပ်ကြပ်ကြီး ဆုတောင်းထားတဲ့ ပို့စ်ကို စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးရဲ့ တယ်လီဂရန်ကနေ ပြန်တင်ပြီး ဖမ်းခိုင်းတာ။ တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို စစ်ကောင်စီက လုပ်နေတာ”ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရဲတပ်ကြပ်ကြီး သန့်ဇင်ဦး၏ ဓာတ်ပုံနှင့်ဆုတောင်းစာရေးထားသည့်ဓာတ်ပုံကို ဟန်ငြိမ်းဦးတယ်လီဂရန်ချန်နယ်တွင် တင်ထားပြီး ” ပုသိမ်ရေကြောင်းတပ်ဖွဲ့စုကရဲတကက သန့်ဇင်ဦး ဘယ်သူ့အတွက်မွေးနေ့ဆုတောင်းပေးနေတာလည်း မေးပေးကြပါအုံး စာတကြောင်းနဲ့ဘဝပျက်ချင်လို့ထင်တယ်….” ဟု ခြိမ်းခြောက်ထားသည်ကိုတွေ့ရသည်။

ရဲတပ်ကြပ်ကြီးသန့်ဇင်ဦးကို ဖမ်းဆီးပြီးနောက် မိသားစုဝင်များကိုလည်း ရဲတပ်ဖွဲ့လိုင်းခန်းမှ ဆင်းခိုင်းလိုက်သည်ဟုလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အမည်အား ဖော်ပြ၍ ဆုတောင်းစာရေးထားခြင်းမဟုတ်သည့်အပြင် တိကျသေချာမှုမရှိဘဲ ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကျေနပ်အားရအောင် ပုသိမ်မြို့ စစ်ကောင်စီအစုအဖွဲ့က ပြုလုပ်ခြင်းဟု ဒေသခံများက သုံးသပ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန် မနာလိုစိတ်ကြီးသူဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောကြားဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။