သတင်း ရွှေဘိုမြို့နယ်တွင် စက်လှေဖြင့်လာသော စစ်ကောင်စီတပ်သားများကို ပျူအဖွဲ့က မှားယွင်းပစ်ခတ်ရာ နှစ်ဦးသေ ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ ခလရ(၄၂)တပ်ရင်းသို့မေလနောက်ဆုံးပတ်ကစ၍စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။ LuduNwayOoဇွန် 15, 2022
သတင်း စစ်ယာဉ်တန်း၊ တပ်လှုပ်ရှားမှုအပါအဝင် စစ်ကောင်စီနှင့် ပတ်သက်သည့် သတင်းများပေးပို့ရန် NUG ကာကွယ် ရေးဝန်ကြီးဌာန ဖိတ်ခေါ် ပြည်သူများ သတင်းပေးပို့နိုင်သည့် ကာကွယ်ရေးဝန် ကြီးဌာနသို့ဆက်သွယ်ရမည့် လိပ်စာများမှာ Telegram - info2mod ၊ Email - info2mod@mod.nugmyanmar.org တို့ဖြစ်ကြော်း ဖော်ပြထားသည်။ LuduNwayOoဇွန် 15, 2022
သတင်း ကသာခရိုင် တပ်ရင်း(၂)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၉ဦးသေ ဇွန်လ ၁၄ရက် နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကြောင်း သုံးကြောင်းဖြင့် ခွဲတက်လာသည့် အင်အား ၉၀ကျော်ရှိ စစ်ကောင်စီတပ် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 15, 2022
သတင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှဖယ်ခုံနှင့်ဖရူဆိုတို့တွင် စစ်ကောင်စီတပ်သား ၃၅ ဦးရှင်းလင်းခဲ့ဟုအသိပေး ပစ်ခတ်ရှင်းလင်းမှုများတွင် မေ ၂၀ ရက်က လွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားသော စစ်ကောင်စီတပ်မှ ခြောက်ဦး၊ ဆီမီးလောရန်သူ့စခန်းဝင်စီးမှုတွင် သုံးဦးဖြင့် တစ်ရက်တည်း ကိုးဦးသုတ်သင်နိုင်ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇွန် 15, 2022
သတင်း ထန်းတပင်မြို့နယ်တွင် KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၂ဦးသေ ၁ဦးဒဏ်ရာရ ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 15, 2022
သတင်း တောင်ဒဂုံတွင်စစ်ကောင်စီထောက်တိုင်သွေးသောက်အဖွဲ့ဝင် နှင့်ပျူခေါင်းဆောင်ဆိုသူသုတ်သင်ခံရ အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာကာ ဘိုမင်းသူ၏အလောင်းအား ချက်ချင်းသယ်ယူသွားပြီး မည်သည့်နေရာသို့ပို့ဆောင်လိုက်သည်ကို မသိရပေ။ LuduNwayOoဇွန် 15, 2022
သတင်း စစ်ကောင်စီက သပိတ်လှုပ်ရှားမှုများအတွက် အလှူငွေပေးမည့်အသွင်ယူကာ ထောင်ချောက်ဆင်ဖမ်းဆီးနေ၍ သတိထားကြရန် တိုက်တွန်း ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ဖော်ဆောင်နေသည့် လူငယ် ၃၀ ကျော်ကို ဇွန်လ၁၃ ရက်ညက အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှူကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 15, 2022
သတင်း ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ်မှ ရဲဘော် ငါးဦးကို စစ်ကောင်စီတပ်အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်သွားဟု ထုတ်ပြန် စစ်ကောင်စီတပ်သည် ဝက္ကတောရွာ၊သစ်ကြီးတောရွာဘက်သို့ဆက်လက် စစ်ကြောင်းထိုးပြီး သစ်ကြီးတောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း N-YSOက ထုတ်ပြန်သည်။ LuduNwayOoဇွန် 15, 2022
သတင်း သေဒဏ်ပေးမယ့်လုပ်ရပ် ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို ကုလလူ့အခွင့်အရေးမင်းကြီးတိုက်တွန်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။ LuduNwayOoဇွန် 15, 2022
သတင်း သထုံတွင်စစ်ကောင်စီတပ်ပစ်ခတ်သည့်၁၂၀မမ ကင်းပုန်းဝပ်နေသည့်စစ်ကောင်စီတပ်သားများအနီးကျ၍၇ဦးသေဆုံး “မေ ၂၈ ကနေ ဇွန် ၁၄ရက် အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကို အာရုံစိုက်နေရလို့ အဲဒီ ကျတဲ့နေ့က ရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါ” ဟုလည်း TPGက ၎င်း၏ ထုတ်ပြန်ချက်အပေါ် ရှင်းလင်းထားသည်။ LuduNwayOoဇွန် 15, 2022