Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်းထဲမှာ စစ်အုပ်စု အခမ်းအနားလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

မန္တလေးနန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ
မန္တလေးနန်းမြို့ရိုးဝင်ပေါက်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

စစ်အုပ်စုထံ PDF တွေအလင်းဝင်တယ်ဆိုတဲ့ အခမ်းအနားကို စစ်အုပ်စုက မန္တလေးနန်းတွင်းထဲ ပြုလုပ်နေချိန် နန်းမြို့ရိုးဝင်ပေါက် ကို တိုက်ခိုက်ခံလိုက်ရပါတယ်။

ကျုံးအရှေ့ခြမ်း ၊ ၁၉ လမ်း မှာရှိတဲ့ နန်းမြို့ရိုးဝင်ပေါက် က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ဂိတ်ကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Mandalay Ranger Force – PDF (ROM) ကပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်အသိပေးထားပါတယ်။

Public Service Announcement

ဒီတိုက်ခိုက်မှုဟာ နန်းတွင်းထဲ စစ်အုပ်စု ပွဲလုပ်နေချိန်နဲ့ တချိန် တည်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးထိခိုက်ဒဏ်ရာရရှိသူရှိမရှိ အတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

Mandalay Ranger Force – PDF (ROM) ရဲ့ထုတ်ပြန်ချက်မှာ လမ်းသွားလမ်းလာ ပြည်သူတွေကိုရှောင်ပြီး ပစ်ခဲ့ရတဲ့အပြင် လက်နက်အခက်အခဲကြောင့် နှစ်ချက်ခန့်ပစ်ပြီး အမြန်ပြန်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

” ပြည်သူတွေဘက်မှာ ကျွန်တော်တို့ ရှိနေပါတယ်လို့ အသိပေးရင်း ဒီနေ့လှုပ်ရှားမှု ကြေညာအပ်ပါသည်” လို့ ကြေညာချက်မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။