Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေ၍ ကျည်လိုအပ်ချက်အတွက်တက်နိုင်သည့်ဘက်မှကူညီကြရန် CDF-ကန်ပက်လက်​မေတ္တာရပ်ခံ

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

CDFကန်ပက်လက်တပ်ဖွဲ့ဝင်များ
CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ

စစ်ရေးအရ ဗျူဟာကျသော ကန်ပက်လက်ဒေသကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်း အင်အားအလွန်အကျွန်သုံး ထိုးစစ်ဆင်ခဲ့သည့်အပြင် လက်ရှိတွင်လည်း အင်းအားထပ်မံဖြည့်တင်း၍ စစ်ရေးပြင်ဆင်လာနေကြောင်း ချင်း​ဒေသကာကွယ်​ရေးတပ်(CDF-ကန်ပက်လက်)
က အသိပေးထုတ်ပြန်သည်။

လက်ရှိတွင် CDF-ကန်ပက်လက်အနေဖြင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်ချက်များအား အကူအညီပေးနေရသည့်အပြင် စစ်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားနိုင်ရန် လက်နက်၊ ကျည်နှင့် ငွေကြေးအကူအညီများလိုအပ်နေကြောင်းဖော်ပြသည်။

ကန်ပက်လက်မြို့နယ်သည် အရှေ့ဖက်ခြမ်းတွင်မကွေးတိုင်းဒေသကြီး၊ ကျောက်ထု၊ ဆောနှင့် လောင်းရှည်မြို့များရှိနေပြီး အနောက်ဖက်ခြမ်းတွင် ပလက်ဝ၊ မင်းတပ်နှင့် မတူပီမြို့နယ်များဖြင့်ထိစပ်လျက်ရှိရာစစ်ရေးအရဗျူဟာကျသောဒေသဖြစ်သောကြောင့် စစ်ကောင်စီတပ်က ကန်ပက်လက်အားခြေကုတ်ယူရန် ကြိုးပမ်းနေကြောင်း အသိ​ပေးသည်။

စစ်ကောင်စီတပ်က ဇွန် ၈ရက်ကစပြီးကန်ပက်လက်မြို့နယ်အတွင်း အင်အား ၁၈၅ ဦးခန့်ဖြင့် နေ့စဥ်စစ်ကြောင်းထိုးခဲ့ရာဇွန်၁၃ရက်အထိဖြစ်ပြီး CDF-ကန်ပက်လက်၏ရွတ်ရွတ်ချွံချွံပြန်လည်ခုခံမှုကြောင့် တပ်ပြန်ဆုတ်သွားခဲ့သော်လည်း ကန်ပက်လက်၏အရှေ့ဘက် ကျောက်ထုနှင့် လောင်းရှည်မြို့နယ်တို့တွင် အင်အားထပ်မံဖြည့်တင်းနေသည်ဟုပါရှိသသည်။ဇွန် ၈ ရက်မှ ၁၃ ရက်အထိ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ အနည်းဆုံး ၃၀ ​ကျော်​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့​ကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇွန် ၈ ရက်မှ ၁၃ ရက်အထိ့တိုက်ပွဲများတွင်စုထားသမျှကျည်အကုန်နီးပါးထုတ်သုံးခဲ့ရပြီး ထိုလို အပ်ချက်အားပြန်လည်ဖြည့်ဆည်း၍ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ထောက်ပံ့ကူညီပေးကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

ကန်ပက်လက်မြို့နယ်သည်ချင်းပြည်နယ်တွင်ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် လူဦးရေအနည်းဆုံးမြို့ဖြစ်ပြီးချင်းလက်နက်ကိုင်များအားလုံးတွင်လည်း ဘဏ္ဍာရေးအားအနည်းဆုံးမြို့ဖြစ် ကြောင်း CDF-Kanpetlet က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်