Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖို့ငြင်းထားတဲ့အဖွဲ့တွေကို တွေ့ချင်လို့ ထပ်ဖိတ်ခေါ်နေတာလို့ KNU ပြော

“အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ပဒိုစောတောနီး
ပဒိုစောတောနီး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာက စစ်ကောင်စီအတွက် အားရစရာမရှိလို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထပ်မံဖိတ်ခေါ်တာလို့မြင်ကြောင်း ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

NCA စာချုပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ NCA မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဟာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ဖို့အတွက် ထပ်မံဖိတ်ခေါ်တဲ့အကြောင်း မနေ့ ဇွန် ၁၄ ရက်က စစ်ကောင်စီက ထုတ်ပြန်ကြေညာထားတာပါ။

“တွေ့ထားတဲ့လူတွေနဲ့ ဘာမှကို သူ(စစ်ကောင်စီ)အားရစရာမရှိဘူးဆိုတော့ သူသည် မတွေ့တဲ့လူတွေနဲ့ ထပ်ထပ်တွေ့ချင်တယ်။ ဒါပေမဲ့ မတွေ့တဲ့လူတွေက သူနဲ့နေ့တိုင်းတိုက်ပွဲဖြစ်တယ်လေ။ တိုက်ပွဲဖြစ်တော့ အဲ့ဒီမှာတချိန်လုံး လျှောက်ပတ်မီးတွေလိုက်ရှို့ အဲ့ဒါတွေကရပ်မှမရပ်ပဲ ကျနော်တို့သွားတွေ့လို့မရဘူးလေ။ ကျနော်တို့မူကလည်း နဂိုကရှိပြီးသားလေ။ သူ့ကိုသွားတွေ့ရင်ဘာလုပ်မလဲ သူ့ကိုသွားတွေ့ရင် ၂၀၀၈ ထဲကို ပြန်ပြန်ဝင်ရမှာ။ ၂၀၀၈ က တော်ပြီလေကွာ ဒီလောက်ဆိုတော်ပြီ” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေထွက်ခွာပြီး စစ်တန်းလျားမှာပြန်လည်နေထိုင်ရမှာဖြစ်ကာ နိုင်ငံရေးမှာဆက်လက်ပါဝင်တဲ့ အခြေအနေမျိုးကို လုံး၀ခွင့်ပြုလို့မရဘူးလို့လည်း ပဒိုစောတောနီးက ပြောပါသေးတယ်။

Public Service Announcement

Public Service Announcement

“အဓိကကျတော့ နိုင်ငံရေးကထွက်ဖို့ပဲ။ နိုင်ငံရေးကမထွက်ပဲနဲ့ အခုက သူတို့သွားတွေ့ရင်တော့ သူ့ကိုနိုင်ငံရေးထဲမှာ ဆက်ပါနေရဦးမှာလေ။ အဲ့လိုအခြေအနေမျိုးကို ကျနော်တို့ခွင့်ပြုလို့မရဘူး” လို့ ပဒိုစောတောနီးက ပြောပါတယ်။

၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီက လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်တွေမှာ ထင်သလောက်အလုပ်မဖြစ်တဲ့အပြင် အခုတစ်ကြိမ်မှာလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်က ကမူးရှုးထိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထပ်ခေါ်နေတဲ့အခြေအနေဖြစ်နေတယ်လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

“သူကိုယ်တိုင် လူလုံးပြပြီးထွက်လာတာပဲလေ။ ဒါပေမဲ့လည်း ထင်သလောက်လည်းမဖြစ်ပြန်ဘူးဆိုတော့ အခုကထပ်ခါထပ်ခါ အရင်သိက္ခာလည်းမဆယ်နိုင်တော့ပဲနဲ့ ကမူးရူးထိုးနဲ့ထပြီးတော့ခေါ်နေပြန်ပြီ။ အခြေအနေက အဲ့လိုရှိနေပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကတော့ ဘာမှဝေဖန်စရာမရှိပါဘူး။ ကိုယ့်ခံယူထားတဲ့မူဝါဒကိုပဲ စွဲစွဲမြဲမြဲကိုင်ပြီးတော့ ကျနော်တို့ရှေ့ဆက်လုပ်ရမယ့်အလုပ်ကိုပဲ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား လုပ်သွားဖို့ပဲရှိတော့တယ်” လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ဆိုပြီး စစ်ကောင်စီဟာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)အဖွဲ့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပြီဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့နဲ့တွေ့ဆုံဆွေးနွေးဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကတော့ စစ်ကောင်စီကခေါ်ဆိုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်မှာ သက်ဆိုင်သူတွေအားလုံးမပါဝင်တဲ့အတွက် မတက်ရောက်နိုင်ကြောင်း ပြီးခဲ့တဲ့မေလပိုင်းက သဘောထားကြေငြာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို