Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်မှဆင်းလာ​သောစစ်​ကောင်စီယာဥ်တန်းကို KIAနှင့်ထီးချိုင့်PDFပူး​ပေါင်းတိုက်ခိုက် ၂၀ထက်မနည်း​သေဆုံးနိုင်

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)
(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)

ဇွန် ၁၄ ရက်တွင်KIAနှင့်အင်း​တော်PDFတိုက်ခိုက်၍ ၉ ဦး​သေခဲ့ပြီး ၊သပိတ်ကျင်းသို့ဦးတည်သွား​နေ

ကချင်ပြည်နယ်မှဆင်းလာသည့်အစီးရေ၃၀ခန့်ပါစစ်ကောင်စီယာဥ်တန်းကို မိုင်းများအပါအဝင် ၄၀ မမ များဖြင့်တိုက်ခိုက်ရာစစ်ကောင်စီကားတစ်စီးပျက်စီးပြီး ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ယနေ့(ဇွန် ၁၅ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အင်းတော်မြို့မှတဆင့် ထီးချိုင့် မြို့သို့ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို KIA နှင့် ထီးချိုင့်၊အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘိုတဲကုန်း ရွာ နဲ့ ဇီးဖြူကျင်း ရွာကြားမှာ မိုင်း တစ်ဖြတ်ဆွဲ ပြီး စတိုက်တယ်။ဇီးဖြူကျင်း အကျော်မှာ ၄၀ မမ နဲ့ ထပ်ပစ်တယ်။သုံးချက်ပစ်တယ်။နှစ်ချက်ကွဲတယ်။အဲဒီမှာထိတယ်။နောက်တတိယအဆိုင်း မှာ အလယ်တောရွာအထွက်မှာ မိုင်းထွက်ဆွဲတယ်။နောက်ဆုံး ဆားတွင်းအနီး ထပ်ဆွဲတဲ့အချိန် ကားတစ်စီးထိုးရပ်ပြီးပျက်သွားတယ်”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတိအကျ ခန့်မှန်းရန် ခက်ခဲသော်လည်း ၂၀ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်မည် ၎င်းက ​ခန့်မှန်း​ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ယာဥ်တန်း မိုင်းတွေထိတာတော့ အတိအကျ ပြောနိုင်တယ်။ဒါပေမယ့်လို့ ဘယ်နှစ်ယောက် ထိခိုက်တယ်၊သေတယ်က တော့ ယတိပြတ် မပြောနိုင်ဘူး။အနည်းဆုံးတော့ ၂၀ လောက်က တော့ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ ကို ပြောနိုင်တယ်။ပြီးတော့ပျက်သွားတဲ့ကားကို ထီးချိုင့် မြို့ပေါ်မှာထားခဲ့ရဖို့များတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

“ကျွန်တော်တို့သိသလောက်ဆို ဒီလိုယာဥ်အများအ ပြားနဲ့ ဆင်းတာ အရင် သုံးလ လောက်က နောက်ဆုံးပဲ။အခု ဆင်းလာတဲ့အထဲမှာ ဖားကန့်က ကျောက်စိမ်းနဲ့ တရုတ်က စက်သုံးဆီအချို့ ပါတယ်လို့ သိရတယ်။အဲဒါကို စစ်ကောက်စီတပ်က လုံခြုံရေးအများအ ပြားနဲ့ မန္တလေးအထိဆင်းမှာ”ဟု စစ်ကိုင်းတိုင်းအထက်ပိုင်းစစ်ရေးသတင်းထောက်ပို့ တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ယမန်နေ့(ဇွန် ၁၄)ကလည်း ယခုတိုက်ခိုက်ခံရသည့် စစ်ယာဥ်တန်းကို နယ်မြေလုံခြုံရေး ယူပေးသည့် တပ်မ ၈၈ မှ စစ်ကြောင်းသုံးခုကို KIA နှင့် အင်းတော် PDF ပူးပေါင်တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။