Connect with us

Hi, what are you looking for?

သတင်း

ကချင်မှဆင်းလာ​သောစစ်​ကောင်စီယာဥ်တန်းကို KIAနှင့်ထီးချိုင့်PDFပူး​ပေါင်းတိုက်ခိုက် ၂၀ထက်မနည်း​သေဆုံးနိုင်

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)
(စစ်ကာင်စီယာဥ်တစ်စီး။ပုံအ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-Tigyaing Revolution)

ဇွန် ၁၄ ရက်တွင်KIAနှင့်အင်း​တော်PDFတိုက်ခိုက်၍ ၉ ဦး​သေခဲ့ပြီး ၊သပိတ်ကျင်းသို့ဦးတည်သွား​နေ

ကချင်ပြည်နယ်မှဆင်းလာသည့်အစီးရေ၃၀ခန့်ပါစစ်ကောင်စီယာဥ်တန်းကို မိုင်းများအပါအဝင် ၄၀ မမ များဖြင့်တိုက်ခိုက်ရာစစ်ကောင်စီကားတစ်စီးပျက်စီးပြီး ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ယနေ့(ဇွန် ၁၅ ရက်) နံနက် ၁၁ နာရီခန့်ကစ၍ အင်းတော်မြို့မှတဆင့် ထီးချိုင့် မြို့သို့ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို KIA နှင့် ထီးချိုင့်၊အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘိုတဲကုန်း ရွာ နဲ့ ဇီးဖြူကျင်း ရွာကြားမှာ မိုင်း တစ်ဖြတ်ဆွဲ ပြီး စတိုက်တယ်။ဇီးဖြူကျင်း အကျော်မှာ ၄၀ မမ နဲ့ ထပ်ပစ်တယ်။သုံးချက်ပစ်တယ်။နှစ်ချက်ကွဲတယ်။အဲဒီမှာထိတယ်။နောက်တတိယအဆိုင်း မှာ အလယ်တောရွာအထွက်မှာ မိုင်းထွက်ဆွဲတယ်။နောက်ဆုံး ဆားတွင်းအနီး ထပ်ဆွဲတဲ့အချိန် ကားတစ်စီးထိုးရပ်ပြီးပျက်သွားတယ်”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများအနက် စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတိအကျ ခန့်မှန်းရန် ခက်ခဲသော်လည်း ၂၀ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်မည် ၎င်းက ​ခန့်မှန်း​ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ယာဥ်တန်း မိုင်းတွေထိတာတော့ အတိအကျ ပြောနိုင်တယ်။ဒါပေမယ့်လို့ ဘယ်နှစ်ယောက် ထိခိုက်တယ်၊သေတယ်က တော့ ယတိပြတ် မပြောနိုင်ဘူး။အနည်းဆုံးတော့ ၂၀ လောက်က တော့ ထိခိုက် သေဆုံးနိုင်တယ်ဆိုတာ ကို ပြောနိုင်တယ်။ပြီးတော့ပျက်သွားတဲ့ကားကို ထီးချိုင့် မြို့ပေါ်မှာထားခဲ့ရဖို့များတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

“ကျွန်တော်တို့သိသလောက်ဆို ဒီလိုယာဥ်အများအ ပြားနဲ့ ဆင်းတာ အရင် သုံးလ လောက်က နောက်ဆုံးပဲ။အခု ဆင်းလာတဲ့အထဲမှာ ဖားကန့်က ကျောက်စိမ်းနဲ့ တရုတ်က စက်သုံးဆီအချို့ ပါတယ်လို့ သိရတယ်။အဲဒါကို စစ်ကောက်စီတပ်က လုံခြုံရေးအများအ ပြားနဲ့ မန္တလေးအထိဆင်းမှာ”ဟု စစ်ကိုင်းတိုင်းအထက်ပိုင်းစစ်ရေးသတင်းထောက်ပို့ တစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ယမန်နေ့(ဇွန် ၁၄)ကလည်း ယခုတိုက်ခိုက်ခံရသည့် စစ်ယာဥ်တန်းကို နယ်မြေလုံခြုံရေး ယူပေးသည့် တပ်မ ၈၈ မှ စစ်ကြောင်းသုံးခုကို KIA နှင့် အင်းတော် PDF ပူးပေါင်တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။