Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့ တာဟန်းရပ်ကွက် ​ဘောလုံးကွင်း၌ တပ်စွဲရန်ပြင်ဆင်​နေ​သော စစ်​ကောင်စီတပ်နှင့် မီတာခ​ကောက်ခံ​နေသည့် စစ်​ကောင်စီတပ်သားတို့ကို တပြိုင်နက်တည်း တိုက်ခိုက်

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၂၀၂၁က က​လေးမြို့ တာဟန်းရပ်ကွက်သပိတ်ကို အာဏာသိမ်းစစ်​ကောင်စီတပ် ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁က က​လေးမြို့ တာဟန်းရပ်ကွက်သပိတ်ကို အာဏာသိမ်းစစ်​ကောင်စီတပ် ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တာဟန်းရပ်ကွက် ဘောလုံးကွင်း၌ အင်အား ၁၂၀ကျော်ဖြင့် တပ်စွဲရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်နှင့်ရပ်ကွက်အတွင်း မီတာခလိုက်လံကောက်နေသည့် စစ်ကောင်စီတပ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် တာဟန်းဘောလုံးကွင်း၌ တပ်စွဲရန်ပြင်ဆင်နေစဉ် ယနေ့ နံနက် ၉နာရီမှ ၁၀နာရီအထိ သွားရောက်ပစ်ခတ်ခဲ့ပြီး ရပ်ကွက်အတွင်း လျှပ်စစ်မီတာခကောက်နေသည့် စစ်ကောင်စီတပ်တို့ကိုလည်း CNDFနှင့်ပူးပေါင်းအဖွဲ့က တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CNOက ဆိုသည်။

Public Service Announcement

ဘောလုံးကွင်းအတွင်း တပ်စွဲရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် နှစ်ဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် မီတာခကောက်ခံနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင်လည်း နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စခတွေ(စစ်ကောင်စီ)တပ်က မြို့ထဲမီတာခ အသည်း အသန်ကောက်နေတာ အခုလို ဝင်ပစ်စေချင်တာကြာနေပြီ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံကာကွယ် ရေးတပ်များက ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။