သတင်း ကောလင်းရဲစခန်းအား PDF ပူးပေါင်းတပ် တိုက်ခိုက် သိမ်းပိုက်၊ မြို့ပေါ် တိုက်ပွဲဖြစ်နေ ကောလင်းမြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် စစ်ကောင်စီပစ်မှတ်နေရာများကို ယနေ့(နိုဝင်ဘာလ ၃ရက်) နံနက်တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို PDFတပ်ရင်း ၆ ရင်းနှင့် ABSDFတို့ တိုက်ခိုက်သိမ်းပိုက် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း ၆ ရင်း၊ ABSDF နှင့်ဒေသခံရပ်ကျေးပကဖတို့က ယနေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း လားရှိုး၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်ရှိ စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်သိမ်းပိုက် လားရှိုးမြို့နယ် မိုင်းဂျက် ဗျူဟာကုန်း၊ လားရှိုး Asia World တိုးဂိတ်၊ ချင်းရွှေဟော်ရှိစစ်ကောင်စီစခန်းများ ၊နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်း စသောနေရာများစွာတွင် တော်လှန်ရေးအဖွဲ့များက စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည်။ LuduNwayOoအောက်တိုဘာ 27, 2023
သတင်း စစ်ကောင်စီတပ်စခန်း ၃၀၊ ရဲစခန်း၊ ပျူစခန်းနှင့် BGFစခန်း ၄၀နီးပါးကို ခြောက်လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ဟု NUGကာကွယ်ရေး ထုတ်ပြန် ထိုသို့ တိုက်ခိုက်နိုင်မှုများသည် PDFနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးစွမ်းရည် ပြည့်၀ လာရုံသာမက နောက်တန်းမှ ဘဏ္ဏာရေးပိုင်းကို ပံ့ပိုးပေးနေသည့် ပြည်တွင်း ပြည်ပက ထောက်ပို့ တပ်သားများ၏ အခန်းကဏ္ဍက အဓိက ကျသည်ဟု ပြောသည်။ LuduNwayOoဩဂုတ် 7, 2023
သတင်း ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကိုPDF များတိုက်ခိုက်သိမ်းပိုက် ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SNA ပြည်သူစစ်တပ်ဖွဲ့များကို PDF များက KIA နှင့်ပူးပေါင်း၍ မကြာခဏတိုက်ခိုက်သည်။ LuduNwayOoဧပြီ 30, 2023
သတင်း တန့်ဆည်မြို့နယ် စစ်ကောင်စီတပ်စွဲရာ နားဋောင်းကျရွာစခန်း တိုက်ခိုက်သိမ်းပိုက် နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။ LuduNwayOoဧပြီ 25, 2023
သတင်း မင်းကင်း၊ မအူရွာမှ စစ်တပ်နှင့်ပျူ ပူးပေါင်းစခန်းကို PDF များတိုက်ခိုက်သိမ်းပိုက် ပျူရွာဟုနာမည်ကြီးသော မအူရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကိုပြီးခဲ့သည့် ဧပြီလ ၁၀ရက်တွင် ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 22, 2023
သတင်း မြဝတီမြို့အနီးရှိ BGFစခန်းကုန်းကို KNU ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက် ယမန်နေ့ (ဧပြီ ၁၁ရက်) ညနေပိုင်းတွင် BGF စခန်းကုန်းအား KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column ၊ ကျားသစ်နက်စစ် ကြောင်းတို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဧပြီ 12, 2023
သတင်း မယ်ခါးထာစခန်းကို KNLA ပူးပေါင်းတပ်က ၄၅ မိနစ်ဖြင့် သိမ်းယူခဲ့ ဒဏ်ရာရသူ ၇ ဦးအနက် ၅ ဦးမှာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားပြီး လက်ရှိတွင် ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာရှိ ထိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်းသိရသည်။ LuduNwayOoမတ် 30, 2023
သတင်း မယ်ခါးထာ့တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု တစ်နာရီသာကြာ စခန်းသိမ်းဖြစ်စဉ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို အတိအကျ မသိရသေးဟု ထုတ်ပြန်သည်။ ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ LuduNwayOoမတ် 28, 2023