Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို PDFတပ်ရင်း ၆ ရင်းနှင့် ABSDFတို့ တိုက်ခိုက်သိမ်းပိုက်

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း ၆ ရင်း၊ ABSDF နှင့်​ဒေသခံရပ်ကျေးပကဖတို့က ယနေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ မင်းရွာရဲစခန်း။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ မင်းရွာရဲစခန်း။ဓါတ်ပုံ-CJ)

မ​ကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာနယ်မြေရဲစခန်းကို ယနေ့နံနက်ပိုင်းက အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ကြောင်း ဒေသခံ PDFတပ်ရင်းများက အတည်ပြုလိုက်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံဂန့်ဂေါခရိုင်တပ်ရင်း ၆ ရင်း၊ ABSDF နှင့်​ဒေသခံရပ်ကျေးပကဖတို့က ယနေ့ မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများမှာ တပ်ရင်း အမှတ်(၁)၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၁၂) တပ်ရင်း (၁၄)နှင့် တပ်ရင်း (၁၉)တိုဖြစ်ကြသည်။

မင်းရွာရဲစခန်းကို ယ​နေ့ နံနက် ၆နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၉နာရီ၂၀မိနစ်တွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှစုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်သား ၁၀ ဦးကိုခန့်ကိုလည်း ကာကွယ်ရေးတပ်များက အရှင်ဖမ်းမိထားကြောင်းလည်း သတင်းအရင်းအမြစ်များကပြောသည်။

Public Service Announcement

Public Service Announcement

“မင်းရွာရဲစခန်း အပြတ်သိမ်းပြီး အသေးစိတ်အချက်အလက်ထပ်ပေးမည်”ဟု PDF-ဂန့်​ဂေါ ( ခရိုင်တပ်ရင်း -၁၂)က အတည်ပြုထုတ်ပြန်ထားသည်။

ထိုစခန်းကို ​တော်လှန်​ရေးအဖွဲ့များ ယခင်ကတိုက်ခိုက်ဖူး​သော်လည်း ယ​​နေ့တွင်မှ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သေးသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

မင်းရွာရဲစခန်းသိမ်းပိုက်ခံရကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်များကလည်း ရေးသားအတည်ပြုနေကြသည်။

ကလေး-ဂန့်ဂေါလမ်းမပေါ် စစ်ကောင်စီစခန်းများကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့မနက်ပိုင်းတွင်တပြိုင်နက်ဝင်ရောက်တိုက်ခဲ့သည်။ ကလေးမြို့တောင်ဘက်ရှိ မြောက်စီးရွာရှိ စစ်ကောင်စီစခန်းကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။