Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီးရှိ BGFစခန်းကုန်းကို KNU ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ယမန်နေ့ (ဧပြီ ၁၁ရက်) ညနေပိုင်းတွင် BGF စခန်းကုန်းအား KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column ၊ ကျားသစ်နက်စစ် ကြောင်းတို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း)

▪️BGF ၁၀ဦးသေ၊ လက်နက် ၉လက်နှင့် ကျည်များရဟု အသိပေး

▪️တော်လှန်ရေး ရဲဘော် နှစ်ဦးကျဆုံး

ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)၏ စခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၁ရက်) ညနေပိုင်းတွင် BGF စခန်းကုန်းအား KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ Cobra Column ၊ ကျားသစ်နက်စစ် ကြောင်းတို့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့စခန်းကုန်းအား အောင်မြင်စွာတက်ရောက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ BGF ၁၀ဦး သေဆုံးခဲ့ပြီး MA-1 တစ် လက် ၊ M4 သုံးလက် ၊ AK တစ်လက် ၊ M22 တစ်လက် ၊ ကာဘိုင် တစ်လက် ၊ (၄၀)မမ ဗုံးပစ်လောင်ချာ တစ်လက် ၊ တူမီး တစ်လက် ၊ ရှေ့ထွက်မိုင်း နှစ်လုံးနှင့်အတူ ကျည်အိမ်များ ၊ ကျည်ဆံများ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ (၂)မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော် တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးခဲ့ပြီး ကျဆုံး ရဲဘော် နှစ်ဦးအား ထာ၀ရအမှတ်ရ ဂုဏ်ယူနေမည်ဟု ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲနှင့်ပတ်သက်၍ ကျားသစ်နက်စစ်ကြောင်းအား ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

KNU ဦးဆောင်သည့် ပူးပေါင်းတပ်သည် မြ၀တီနှင့် အနီးတဝိုက်တွင် မတ်လ ၂၅ရက်မှစ၍ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ BGF ၊ ရဲများ ထိခိုက်သေဆုံးခြင်း၊ အရှင်ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်းများ ရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ယခင်သတင်းထုတ်ပြန်ထား သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချို့ ကျဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။