Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်ခါးထာစခန်းကို KNLA ပူးပေါင်းတပ်က ၄၅ မိနစ်ဖြင့် သိမ်းယူခဲ့

ဒဏ်ရာရသူ ၇ ဦးအနက် ၅ ဦးမှာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားပြီး လက်ရှိတွင် ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာရှိ ထိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်းသိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

▪︎စစ်သား ၁၆ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ၊ဒဏ်ရာရသူ၅ ဦးကိုထိုင်းက​ဆေးကုသ​ပေး၊လက်နက်မျိုးစုံ ၂၃ လက်ရ

▪︎ ပူးပေါင်းတပ်မှ ၁ ဦးကျဆုံး ၈ ဦးဒဏ်ရာရ

သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းကို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆာင်​သောပူးပေါင်းတပ်မှ မတ်လ၂၈ ရက် နံနက် ၅ နာရီအချိန်တွင် ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ကေအဲန်ယူ-မူတြော်က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလာရောက်အခြေချနေထိုင်လာခဲ့သည့် အထက်ပါစခန်းကို ၄၅ မိနစ်တိုက်ပွဲကြာချိန်အပြီး အပြီးသတ်ချေမှုန်းသိမ်းပိုက်လိုက်ကာ အကြမ်းဖက်စစ်ကောင်စီဖက်မှ (၁၆)ဦး သေဆုံး၊ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။KNU တပ်မဟာ ၅ ၏ တရားဝင်သတင်းထုတ်ပြန်​သော ​ဖေစ်ဘွခ်စာမျက်နှာဖြစ်​သောKNU -Mudraw News ကစခန်းသိမ်းယူပြီး သုံးရက်​မြောက်ဖြစ်​သော မတ်လ ၃၀ ရက်တွင် တရားဝင်ထုတ်ပြန်​ပေးခြင်းဖြစ်သည်။

ဒဏ်ရာရသူ ၇ ဦးအနက် ၅ ဦးမှာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားပြီး လက်ရှိတွင် ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာရှိ ထိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်းသိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

စခန်းသိမ်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ၏လက်နက်မျိုးစုံဖြစ်​သော MA-1၊ MA-2၊ MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ဘာ စုစုပေါင်း(၂၃)လက်နှင့် ကျည်(၃၃၆၀)တောင့်အပြင် ဆက်သွယ်ရေးစက်(၂)လုံး၊ စကားပြောစက်(၂)လုံး၊ ဖုန်း(၂)လုံး၊ ဓာတ်ခဲဗူး(၄)ဗူးနှင့် စစ်ဘောင်းဘီ(၂)ထည်တို့ကို သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ-မူတြော်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် FFDပူးပေါင်းတပ်ဖက်မှ တစ်ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် KNUဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အလုံးအရင်းဖြင့် ထိုးစစ်ဆင်သိမ်းယူထားသည့် KNLAစခန်းဟောင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။