Connect with us

Hi, what are you looking for?

သတင်း

မယ်ခါးထာစခန်းကို KNLA ပူးပေါင်းတပ်က ၄၅ မိနစ်ဖြင့် သိမ်းယူခဲ့

ဒဏ်ရာရသူ ၇ ဦးအနက် ၅ ဦးမှာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားပြီး လက်ရှိတွင် ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာရှိ ထိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်းသိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

▪︎စစ်သား ၁၆ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ၊ဒဏ်ရာရသူ၅ ဦးကိုထိုင်းက​ဆေးကုသ​ပေး၊လက်နက်မျိုးစုံ ၂၃ လက်ရ

▪︎ ပူးပေါင်းတပ်မှ ၁ ဦးကျဆုံး ၈ ဦးဒဏ်ရာရ

သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီ၏ အခြေစိုက်စခန်း မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းကို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဦးဆာင်​သောပူးပေါင်းတပ်မှ မတ်လ၂၈ ရက် နံနက် ၅ နာရီအချိန်တွင် ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ကေအဲန်ယူ-မူတြော်က ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလာရောက်အခြေချနေထိုင်လာခဲ့သည့် အထက်ပါစခန်းကို ၄၅ မိနစ်တိုက်ပွဲကြာချိန်အပြီး အပြီးသတ်ချေမှုန်းသိမ်းပိုက်လိုက်ကာ အကြမ်းဖက်စစ်ကောင်စီဖက်မှ (၁၆)ဦး သေဆုံး၊ (၇)ဦးဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြသည်။KNU တပ်မဟာ ၅ ၏ တရားဝင်သတင်းထုတ်ပြန်​သော ​ဖေစ်ဘွခ်စာမျက်နှာဖြစ်​သောKNU -Mudraw News ကစခန်းသိမ်းယူပြီး သုံးရက်​မြောက်ဖြစ်​သော မတ်လ ၃၀ ရက်တွင် တရားဝင်ထုတ်ပြန်​ပေးခြင်းဖြစ်သည်။

ဒဏ်ရာရသူ ၇ ဦးအနက် ၅ ဦးမှာ ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ်လွတ်မြောက်သွားပြီး လက်ရှိတွင် ထိုင်းတော်ဝင်တပ်မတော်မှ နီးစပ်ရာရှိ ထိုင်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးနေကြောင်းသိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

စခန်းသိမ်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ၏လက်နက်မျိုးစုံဖြစ်​သော MA-1၊ MA-2၊ MA-4၊ RPG-7၊ ၆၀မမစိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ဘာ စုစုပေါင်း(၂၃)လက်နှင့် ကျည်(၃၃၆၀)တောင့်အပြင် ဆက်သွယ်ရေးစက်(၂)လုံး၊ စကားပြောစက်(၂)လုံး၊ ဖုန်း(၂)လုံး၊ ဓာတ်ခဲဗူး(၄)ဗူးနှင့် စစ်ဘောင်းဘီ(၂)ထည်တို့ကို သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ-မူတြော်က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် FFDပူးပေါင်းတပ်ဖက်မှ တစ်ဦးကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)
(စစ်​​ကောင်စီတပ်၏ နယ်စပ်စခန်းကို သိမ်းယူပြီး​နောက်ရရှိ​သော လက်နက် ခဲယမ်းများနှင့် စခန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ- ကေအဲန်ယူ-မူတြော်)

မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် KNUဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အလုံးအရင်းဖြင့် ထိုးစစ်ဆင်သိမ်းယူထားသည့် KNLAစခန်းဟောင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး