Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ် စစ်ကောင်စီတပ်စွဲရာ နားဋောင်းကျရွာစခန်း တိုက်ခိုက်သိမ်းပိုက်

နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။

(စစ်ကိုင်းတံတားပေါ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားတချို့ကို ၂၀၂၁ အောက်တိုဘာ ၁၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(စစ်ကိုင်းတံတားပေါ်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားတချို့ကို ၂၀၂၁ အောက်တိုဘာ ၁၀ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

▪️စစ်ကောင်စီတပ် ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နဋောင်းကျကျေးရွာစခန်းကို ဒေသကာကွယ်ရေးတပ်အဖွဲ့များက သိမ်းပိုက်တိုက်ပွဲရာ စစ်ကောင်စိတပ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၂၅ ရက်) နံနက်စော ၃နာရီခန့်က တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တပ်စွဲထားသော နဋောင်းကျကျေးရွာရှိ စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့်ပျူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သားအချို့မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“မနက် ၂ နာရီ၄၅မိနစ်က စစ်ဆင်ရေးစတာ၊ ၄၅ မိနစ်လောက်ကြာတယ်။ စခန်းသိမ်းတဲ့အထိ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်။ ပြည်သူ့ရဲဘော်တွေ ဘေးကင်းတယ်”ဟု ရွှေဘိုခရိုင် တပ်ရင်း(၂၅) တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီအုပ်စုထံမှ ကာဘိုင် လေးလက်၊ ၁၂ ဗို့ ခါးချိုး သုံးလက်၊ ကျည်ဘောက် ခုနစ်ခု၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ လက်ပစ်ဗုံးများနှင့် စစ်ဝတ်စုံများ သိမ်း​ဆည်းရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“နားဋောင်းကျမှာ တပ်စွဲထားတာကြာပြီ။ တပ်စွဲတဲ့နေရာ အကုန်လုံးတော့ရှင်းခဲ့နိုင်တယ်။ အင်အားက သုံးဆယ်လေးဆယ်လောက်တော့ရှိမယ်။”ဟု တန့်ဆည်အခြေစိုက်ဒေသကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် ရွှေဘိုခရိုင်တပ်ရင်း (၆၊၇၊၉၊၁၂၊၂၅)၊တန့်ဆည် (ပကဖ)နှင့် Mobileအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နားဋောင်းကျကျေးရွာသည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ်ကမ်းဘေးတွင် တည်ရှိပြီး ပျူစောထီးကြီးစိုးရာ နယ်မြေအတွင်း တည်ရှိသည်။

အဆိုပါကျေးရွာက ပျူများအား စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားပြီး စစ်ကောင်စီတပ်နှင့်အတူ အနီးဝန်းကျင်ကျေးရွာများအား စစ်ကြောင်းထိုးအကြမ်းဖက်လေ့ရှိသည်။

စစ်ကောင်စီတပ်သည် ပြည်သူများအား လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေ၍ ကျေးရွာများ၌ ပွဲလမ်းသဘင်အခမ်းအနားများကို လုံခြုံရေးသတိဖြင့် ကျင်းပရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးများကို ရှောင်ရှားပေးကြရန် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။