Hi, what are you looking for?
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြိုကနယ် မိုဆိုကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃၅ဦးထက်မနည်းကို ဒီဇင်ဘာ ၂၄ ရက်ကမီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများစုဆောင်းနေမှု ၊ စစ်ကောင်စီတပ်က သက်သေများဖျောက်ဖျက်ရန်ကြိုးစားနေမှု စသည်တို့ကို ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို People's Spring သတင်းဌာနက ယနေ့(ဒီဇင်ဘာ ၂၇ တွင်)မေးမြန်ထားသည်ကိုဖော်ပြလိုက်ပါသည်။
“သူတို့ လက်နက်ကြီးအဆက်မပြတ်ပစ်တယ်။ ပြီးတော့ အင်အားအလုံးအရင်းနဲ့ ထိုးတာပေါ့။ ထိုးစစ်ပေါ့။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကစပြီး တိုက်ပွဲငြိမ်သွားပြီ။လက်ရှိကတော့ ဆိုင်ထားတဲ့အနေအထားပါပဲ”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက် ၁၀နာရီခန့်တွင် ပြောသည်။