မြန်မာနိုင်ငံတစ်ဝန်း၌ ပြီးခဲ့သည့် တစ်ပတ်အတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ ၂၅၀ဦးသေဆုံးကာ ၁၃၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၈ရက်မှ ၁၄ရက်အထိ တစ်ပတ်အတွင်း တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၁၈၆ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ ပြည်သူ့ခုခံတော်လှန်စစ် ၈၄ ကြိမ်၊ လက်နက် ကိုင်တိုက်ပွဲ ၂၃ ကြိမ်၊ ပေါက်ကွဲမှု ၇၉ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ အကြမ်းဖက် ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၂၂ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၃၀ဦး သေဆုံးကာ ၁၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ ၁၅၂ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ထုတ်ပြန်သည်။
ယခု အချက်အလက်များကို မီဒီယာများနှင့် မြေပြင်မှ တိုက်ရိုက်ရသော သတင်းအချက်အလက်များကို စုစည်းထားခြင်းဖြစ်ပြီး မြေပြင်၌ ယခုဖော်ပြသည့် ကိန်းဂဏန်းများထက် ပိုမိုနိုင်သည်ဟု ဆိုသည်။

Public Service Announcement


















































