Connect with us

Hi, what are you looking for?

News

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးဟု ထုတ်ပြန်

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အထိနာသောကြောင့် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဖော်ပြ သည်။

▪️ပြည်သူ့ရဲဘော်အချို့ကျဆုံးပြီး အရပ်သားပြည်သူ ၆ဦးထက်မနည်းဒဏ်ရာရဟုဆို

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအများအပြားသေဆုံးခဲ့သည့်အပြင် တင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ရှမ်းနှင့် ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် ဝှါရီဆူးပလိုင်ကျေးရွာအကြားတွင် တင့်ကား(၂)စီးအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းမဟာမိတ်တပ်(DMO-PDF၊PK-PDF၊ MB-PDF၊LK-PDF)နှင့်အလယ်ပိုင်းတိုင်း၊ KNDF၊ KGZ၊ KA တပ်တို့ပူးပေါင်း တိုက်ခိုက်ခဲံ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အထိနာသောကြောင့် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက် ကျဆုံးမှုအချို့ရှိခဲ့ကြောင်း၊ ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဝှါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိသကဲ့သို့ မိုးဗြဲဒေသတွင် ဒေသခံပြည်သူ ​ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ယမန်နေ့မှစ၍ နှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ အိုးအိမ်စွန့်ကာဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။