Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးဟု ထုတ်ပြန်

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အထိနာသောကြောင့် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဖော်ပြ သည်။

▪️ပြည်သူ့ရဲဘော်အချို့ကျဆုံးပြီး အရပ်သားပြည်သူ ၆ဦးထက်မနည်းဒဏ်ရာရဟုဆို

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအများအပြားသေဆုံးခဲ့သည့်အပြင် တင့်ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်းမဟာမိတ်တပ်ဖွဲ့ဝင်တစ်ခုဖြစ်သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ရှမ်းနှင့် ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲနှင့် ဝှါရီဆူးပလိုင်ကျေးရွာအကြားတွင် တင့်ကား(၂)စီးအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းမဟာမိတ်တပ်(DMO-PDF၊PK-PDF၊ MB-PDF၊LK-PDF)နှင့်အလယ်ပိုင်းတိုင်း၊ KNDF၊ KGZ၊ KA တပ်တို့ပူးပေါင်း တိုက်ခိုက်ခဲံ၍ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အထိနာသောကြောင့် ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စီးဖြင့် ရှစ်ကြိမ်ထက်မနည်းဗုံးကြဲ တိုက်ခိုက်ခဲ့သည် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ထိခိုက် ကျဆုံးမှုအချို့ရှိခဲ့ကြောင်း၊ ယနေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဝှါရီဆူးပလိုင်ကျေးရွာရှိ ဒေသခံနေအိမ်အချို့ မီးလောင်ပျက်စီးမှုရှိသကဲ့သို့ မိုးဗြဲဒေသတွင် ဒေသခံပြည်သူ ​ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ယမန်နေ့မှစ၍ နှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ အိုးအိမ်စွန့်ကာဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။