Connect with us

Hi, what are you looking for?

News

လေးကေကော်အနီးတိုက်ပွဲမှာ ရွာသားတစ်ဦးသေဆုံးပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရ

တိုက်ပွဲကြောင့် ကျေးရွာထဲမှာကျန်ရှိနေတဲ့ ရွာသားအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KHRG ထံကနေ သိရပါတယ်။

လေးကေကော်မြို့အနီး ဖလူးကြီးကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့အကြား မနေ့က တိုက်ပွဲမှာ ရွာသားတစ်ဦးသေဆုံးပြီး အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကရင်လူအခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ဖလူးကျေးရွာအုပ်စု ဖလူးကြီးကျေးရွာမှာ အခြေချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဖေဖေါ်ဝါရီ ၁၆ ရက်က သွားရောက်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

အဲ့လိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကာ ဘုရားကျောင်းနဲ့ အခြားအရပ်သားအဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KHRG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာထဲမှာကျန်ရှိနေတဲ့ ရွာသားအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KHRG ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ စစ်အုပ်စုဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်ရမိခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းနဲ့လာရောက်ပစ်ကူပေးတာတွေ ပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။