News ဒီပဲယင်းတွင် စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့်လာပစ်၍ ဂဠုန်တပ်တော်က ရဲစခန်းကို လက်တုံ့ပြန်တိုက်ခိုက် ထိတွေ့မှုဖြစ်စဥ်မှာ ၁၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးစစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအထိအခိုက်အကျအဆုံးရှိနိုင်ပြီး အတိအကျမသိရသေးကြောင်းလည်းဖော်ပြထားသည်။ LuduNwayOoဇန်နဝါရီ 15, 2022
News စစ်ကောင်စီတပ်က ဒီပဲယင်း၊ ခင်ဦး၊ ရေဦး သုံးမြို့နယ်စပ်ကျေးရွာများကို ရဟတ်ယာဥ်များအသုံးပြု ပစ်ခတ် ညနေလေးနာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယဉ်ကျေးရွာတောကျောင်း ကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း၊ စစ်ဘေးရှောင်ကျေးရွာ ( ၅ ) ရွာထက်မနည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဇန်နဝါရီ 14, 2022
News ဒီပဲယင်း ယဉ်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စီးနင်းတိုက်ခိုက်၊ PDFများကလည်း စိုင်ပြင်စခန်းကို မိုင်းဖြင့်တိုက်ခိုက် "PDF တွေရှိတယ်လို့ သူတို့ သတင်းရလို့ လာပစ်တာနေမှာပေါ့။ ရွာကတော့ ထိတယ်။ ဘုန်းကြီးကျောင်း မီးရှို့ထားခဲ့တယ်။ ယဉ်ကျေးတောကျောင်းကို မီးရှို့တာ။ ရွာထဲမှာလည်းအခုရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 14, 2022
News ဒီပဲယင်းတွင် နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟုဆို "အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်"ဟု ဂဠုန်တပ်တော်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဒီပဲယင်း-စိုင်ပြင် ကားလမ်းဘေးတစ်လျှောက်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ရွှေဒါးကန်ကျေးရွာ ဒေသခံနှစ်ဦးကို ရက်စက်စွာသတ်ဖြတ် အဆိုပါ စစ်ကြောင်းသည် ယခုအခါ စိုင်ပြင်မှ ဘုတလင်မြို့နယ်ဘက်သို့ကားလမ်းဘေးတစ်လျှောက် ဆက်လက်ထွက်ခွာနေပြီဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News မုံရွာ-ဒီပဲယင်း-ရေဦးလမ်းပိုင်းသွားလာခွင့် ပြည်သူကာကွယ်ရေးအဖွဲ့ ကန့်သတ်ထား အထက်ပါလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်မှ ဒီဇင်ဘာ ၁၇ ရက်အတွင်း အဝေးပြေးခရီးသည်တင်ယာဥ်များနှင့် ကုန်တင်ယာဥ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဂဠုန်တပ်တော် (ဒီပဲယင်း)က ပန်ကြားထားသည်။ LuduNwayOoဒီဇင်ဘာ 13, 2021
News မုံရွာ၊ ဒီပဲယင်း၊ ရေဦးလမ်းပိုင်းတွင် ခရီးသည်တင်ယာဥ်နှင့်ကုန်တင်ယာဥ်များသွားလာခြင်းမပြုရန်ပန်ကြား ဂဠုန်တပ်တော် (ဒီပဲယင်း)သည် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မကြာခဏ မိုင်းခွဲတိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။နိုဝင်ဘာ ၁၉ရက်ကလည်း စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်လိုက်ပါလာသော ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ LuduNwayOoဒီဇင်ဘာ 12, 2021
News တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူအချို့ သွားရောက်လေ့လာမှုများရှိနေ၍ မပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ သတိပေး ပြည်သူအချို့သည် လက်နက်၊ခဲယမ်း အကြွင်းအကျန်များ သွားရောက်ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။ LuduNwayOoဒီဇင်ဘာ 9, 2021
News ဒီပဲယင်းမြို့နယ်သို့ ဝင်ရောက်နိုင်သော လမ်းပိုင်းများသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များ အရေးပေါ်သတိပေး အလားတူ "ခင်ဦး-ရေဦး- ဒီပဲယင်း လမ်းအားလုံး အရေးမကြီးလျှင် ခေတ္တရပ်ထားကြရန်၊ အကြောင်းမရှိဘဲ လမ်းပေါ် မတက်ကြပါနဲ့။တစ်စုံတစ်ခုဖြစ်လျှင် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း"ဟု ခင်ဦးဒေသပြည်သူ့တပ်ဖွဲ့ က အသိပေးသည်။ LuduNwayOoဒီဇင်ဘာ 7, 2021
News ဒီပဲယင်းအနောက်ခြမ်းတွင် တိုက်ပွဲပြင်းထန်နေပြည်သူများ တိုက်ပွဲသံနားစွင့်ပြီး သတိရှိကြရန် တိုက်တွန်း တိုက်ပွဲအသံကို နားစွင့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကူညီရန် အဆင်သင့်ပြင်ထားစေလိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို လုံးဝ အွန်လိုင်းပေါ် မတင်ရန်၊ သတင်းမဖြန့်ရန်လည်း အသိပေး ထားသည်။ LuduNwayOoဒီဇင်ဘာ 7, 2021