Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ဒီပဲယင်း၊ ခင်ဦး၊ ​ရေဦး သုံးမြို့နယ်စပ်​ကျေးရွာများကို ရဟတ်ယာဥ်များအသုံးပြု ပစ်​ခတ်

ညနေလေးနာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယဉ်ကျေးရွာတောကျောင်း ကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း၊ စစ်ဘေးရှောင်ကျေးရွာ ( ၅ ) ရွာထက်မနည်း ရှိနေကြောင်း ဒေသခံများက ​ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး နယ်သုံးနယ်ချုပ်​စပ် ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတ​ပ်များက ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်း၊ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းနှင့် ရေဦးမြို့နယ်တို့ဆုံရာ ကျေးရွာ အချို့တွင် တိုက်ခိုက်ရေး MI35 နှစ်စီးနှင့် ရိုးရိုးရဟတ်ယာဥ်တစ်စီး စုစုပေါင်း ရဟတ်ယာဉ် ၃စီးဖြင့် ပျံဝဲနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများအား တင်ဆောင်ရွှေ့ပြောင်းချထားခြင်း၊ နှစ်စီးက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ​ပြောသည်။

ရဟတ်ယာဥ်သုံးစီးသည် နယ်သုံးနယ်ချုပ်စပ်ရှိ ကျေးရွာများပေါ်လှည့်လည်ဝဲပျံခဲ့ပြီး ဒီပဲယင်းမြို့နယ်ယဥ်ကျေးရွာ၊ ခင်ဦးမြို့နယ်အနောက်ခြမ်း သဲကုန်းကြီးကျေးရွာတို့ကို ဦးတည်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

“ရုတ်တရက်ကြီးရောက်လာပြီး ပစ်ခတ်တာပါ။ယဥ်ကျေးရွာနား ဝဲလာပြီး ပစ်ခတ်သွားတယ်။ စကစတပ်သားတချို့ကို လေကြောင်းကနေ ရွေ့ပြောင်းမှု လုပ်နေတယ်လို့ ကနဦး သိရပါတယ်။ ရေဦးနယ်က စကစ တွေကိုသယ်ပြီး ဒီပဲယင်းနယ်မှာ ချနေတယ်လို့လည်းကြားတယ်။” ဟု ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ညနေလေးနာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယဉ်ကျေးရွာတောကျောင်း ကို မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးနေကြောင်း၊ စစ်ဘေးရှောင်ကျေးရွာ ( ၅ ) ရွာထက်မနည်း ရှိနေကြောင်း ဒေသခံများက ​ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ရေဦးမြို့နယ်အတွင်းက ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအပါအဝင် ရွာသားသုံးဦးကိုလည်း သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook