Connect with us

Hi, what are you looking for?

News

လူထုသပိတ်ကို စစ်​ကောင်စီအ​ကြောက်လွန်​နေပြီလားဟု အိမ်ချိတ်ပိတ်ခံရ​သော ဒီပဲယင်းသပိတ်စစ်​ကြောင်းဦး​ဆောင်သူ ကိုနဂါး​​မေးခွန်းထုတ်

နေအိမ်ချိတ်ပိတ်ခံရသည်ကို လုံးဝစိတ်မဝင်စားဘဲ ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့သည်သာ အရေးကြီးသည်ဟု အိမ်ရှင်ကိုနဂါးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

(ဓါတ်ပုံ-စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီပြုတ်ကျ​​ရေး လူထုသပိတ်ကို PDF များကဝန်းရံ၍​နေစဥ်ပြုလုပ်​နေကြသည်)

ဒီပဲယင်းမြို့နယ်တော်လှန်ရေးသပိတ်စစ်ကြောင်းဦးဆောင်ကော်မတီ အဖွဲ့ဝင်၏ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီကချိတ်ပိတ်လိုက်ပြီး လူထုသပိတ်ကို အကြောက်လွန်နေသလားဟု အိမ်ရှင်ကိုနဂါးက စစ်ကောင်စီအား မေးခွန်းထုတ်လိုက်သည်။

ဒီပဲယင်းမြို့နယ်မှ ကိုနဂါးဟု လူသိများသော ကိုသူရအောင်၏ နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက် နံနက်တွင် ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကိုနဂါးဦးဆောင်သော လူထုသပိတ်သည် ယင်းနေ့ နေ့လည်နှင့် ညနေတွင် ထပ်မံ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ထွက်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။

နေအိမ်ချိတ်ပိတ်ခံရသည်ကို လုံးဝစိတ်မဝင်စားဘဲ ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့သည်သာ အရေးကြီးသည်ဟု အိမ်ရှင်ကိုနဂါးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“မနက်ပိုင်း ကျနော့်အိမ် ချိတ်ပိတ်ခံရတယ်။နေ့လည်ပိုင်းနဲ့ညနေပိုင်း ကျနော်သပိတ်စစ်ကြောင်းထွက်တယ်။သမိုင်းပေးတာဝန်ကိုကျေပွန်ဖို့ကလွဲ ကျန်တာခေါင်းထဲမရှိ”ဟု ကိုနဂါးက​​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ” သပိတ်ကိုအဲလောက်ကြောက်လားစကစ။ငြိမ်းချမ်းစွာဆန္ဒပြ တာတောင် အဲ့လောက်ကြောက်နေရင် ပြည်သူ့ကာကွယ်ရေးဘက်ကို ဘယ်လောက်ကြောက်နေပြီဆိုတာသိပ်သိသာနေပြီ” ဟုဆက်ပြောထားသည်။

ဒီပဲယင်းမြို့သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးရော လူထုသပိတ်ပါ အလွန်အားကောင်းသည့် မြို့ဖြစ်သည်။လူထုသပိတ်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လုံခြုံရေးယူပေးကာ​ စစ်အာဏာရှင်ပြုတ်ကျ​ရေးအတွက်နေစဥ်ဆန္ဒထုတ်​ဖော်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။