Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်း-စိုင်ပြင် ကားလမ်းဘေးတစ်လျှောက်စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်က ရွှေဒါးကန်ကျေးရွာ ​ဒေသခံနှစ်ဦးကို ရက်စက်စွာသတ်ဖြတ်

အဆိုပါ စစ်ကြောင်းသည် ယခုအခါ စိုင်ပြင်မှ ဘုတလင်မြို့နယ်ဘက်သို့ကားလမ်းဘေးတစ်လျှောက် ဆက်လက်ထွက်ခွာနေပြီဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ဒီပဲယင်း-စိုင်ပြင် ကားလမ်းဘေးတစ်လျှောက်ရှိရွာများကို စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ်​ကောင်စီတပ်သည် ရွှေဒါးကန်ကျေးရွာ ​ဒေသခံပြည်သူနှစ်ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂ ရက်)တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၁ရက်အထိ ဒီပဲယင်း-စိုင်ပြင်ကားလမ်းဘေး တစ်လျှောက်ရှိရွာများကို အကြမ်း ဖက်စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

“သတ်ခံလိုက်ရတဲ့ရွာသားနှစ်ဦးက သူတို့ စစ်ကြောင်းထိုးတယ်ဆိုတာ သိသိချင်ထွက်ပြေးတာ။မလွတ်တော့ ဖမ်းခံလိုက်ရတယ်။နောက်ပြီး ဓားစာခံအနေနဲ့ လူသားဒိိုင်းလုပ်ပြီး လမ်းတစ်ဝက်မှာ သတ်ခံလိုက်ရတာ”ဟု ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယခုအခါ စိုင်ပြင်မှ ဘုတလင်မြို့နယ်ဘက်သို့ကားလမ်းဘေးတစ်လျှောက် ဆက်လက်ထွက်ခွာနေပြီဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဒီဇင်ဘာ ၃၀ ရက်က သတိပေးထုတ်ပြန်ခဲ့သော ရွှေဒါးကန်မူးဆုံနှင့် ဒီပဲယင်းနယ်ကြား ပြည်သူများ မဖြတ်သန်းရန်တားမြစ်ချက်ကို ပယ်ဖျက်လိုက်သည်။

သို့သော် ပြည်သူများ၊ ဆိုင်ကယ်များ၊ ၃ ဘီးများနှင့် ကားများ စိုင်ပြင် -ဒီပဲယင်းကြားဖြတ်သန်းပါက သွားလာရန်ရှိသည့်လမ်းကြောင်းတွင် အန္တရာယ်ရှိ ၊မရှိ ကြိုတင်စုံစမ်းပြီးမှသာ သွားလာရမည်ဖြစ်ပြီး ကားများမှာ မှန်တံခါးများချ၍သွားလာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ထို့အပြင် ကုန်ကားများနှင့် သုံးဘီးများ မိုးကာအုပ်၍ မသွားရန် နှင့် ညနေ ၆နာရီကျော်လျှင် မဖြတ်သန်းရန်လည်း မေတ္တာရပ်ခံသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည်စိုင်ပြင်မှ ဘုတလင်ဖက်သို့ ကားလမ်းဘေးတစ်လျှောက် လယ်ကွင်းများကို ဖြတ်၍ ဆက်လက်စစ်ကြောင်းထိုးနေပြီ ဖြစ်သဖြင့် စိုင်ပြင်နှင့် ဘုတလင်ကြား ကားလမ်းဘေး (၂) မိုင်ဝန်းကျင်မှ ကျေးရွာများ အထူးသတိပြုကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။